မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုတစ်ယောက်ကတော့ ပါးစပ်ထဲမှာတူရိယာ တစ်ခု ရှိနေတယ်လို့ ထူးထူးဆန်းဆန်း ချီးကျူးခံလိုက်ရပါတယ်။ဒါကိုလည်း ဒိုင်အကြီးဆုံးဖြစ်သူ မြန်မာပြည်သိန်းတန်က ပြောဆိုခဲ့တာဖြစ်ပြီး မနေ့ညက ယှဉ်ပြိုင်တဲ့ မိုးသီချင်းညကတော့ သူမအတွက် လှပခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ မောင်ချိုရဲ့ ဆိုဟန်လေးက ပရိသတ်တွေကို အကောင်းဆုံးဖမ်းစားနိုင်ခဲ့တာပါ ။

ဦးသိန်းတန်က “သမီးရဲ့ သီဆိုပုံနဲ့ အသံလေးပေါင်းစပ်လိုက်တဲ့အခါ အင်မတန်လှပတဲ့ တူရိယာလေးတစ်ခု တီးခတ်လိုက်သလိုပဲ ထွက်လာပါတယ်။ သမီးရဲ့ပါးစပ်ထဲမှာ တူရိယာ ရှိနေပါတယ်” ဆိုပြီး ဥပမာထူးထူး ဆန်းဆန်းလေး ပေးလိုက်ပါတယ်။ဒီ မှတ်ချက်ဟာ စေ့စေ့တွေးရင် အနက်အဓိပ္ပါယ်နောက်တမျိုးထွက်တဲ့ စကားတစ်ခုဖြစ်တာကြောင့် ပရိသတ်တွေက အန်ကယ် အခုလိုပြောတဲ့အပေါ် ဝေဖန်ထောက်ပြမှုတွေပြုလုပ်နေကြတာပါ။ တကယ်တော့ အန်ကယ်ပြောတာထက်တောင် မောင်ချိုဟာ သာယာတဲ့ တေးဆိုငှက်လေးလို ကြားရသူတိုင်းရင်ကို ထိရှစေခဲ့တာပါ။

ချမ်းမြေ့မောင်ချိုက ပရိတ်သတ်နဲ့ Contact ရှိရှိ သီဆိုနိုင်တဲ့အပိုင်းမှာ အကောင်းဆုံးဖြစ်တာကိုလည်း တွေ့ရပါတယ်။ ရွာသာရွာပါမိုးသီချင်းလေး မှာ ချစ်စဖွယ် စီးမျောခဲ့တဲ့ ချမ်းမြေ့မောင်ချိုဟာ နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ ဆုပန်ထွာ၊ စိုးမြတ်ညီမလေးဖော် စတဲ့ သူတွေရဲ့ ဝန်းရံမှုတွေကိုလည်း ရရှိနေတာမို့ Winner ဖြစ်နိုင်တဲ့ သူတစ်ယောက် လို့ထင်ကြေးပေးမှုအများဆုံးသူတစ်ယောက်လည်းဖြစ်နေတာပါ။ ကဲ ပရိသတ်ကြီးရော ဆန်းဆန်းပြားပြားမှတ်ချက်ပေးလိုက်တဲ့ အန်ကယ့်ကို ဘယ်လိုထင်မြင်ချက်ပေးချင်ပါသလဲ ..... မှတ်ချက်မှာ ပြောပေးကြပါဦးနော်။

Source - Myanmar Idol  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။