Chi Chi လို့ချစ်စနိုးနဲ့ အများကခေါ်တဲ့ နေခြည်ဦးကတော့ မြန်မာနိုင်ငံရဲ့ ပရိသတ်အားပေးချစ်ခင်မှုအရဆုံး Beauty Blogger တစ်ဦးဖြစ်ပါတယ်။ ပရိသတ်တွေက သူမကို BeautybyNayChi ဆိုတဲ့ Pageလေးက တစ်ဆင့်စတင်ရင်းနှီးခဲ့ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ဟန်ပန်လေးနဲ့ သွက်လက်တက်ကြွတဲ့စကားပြောဟန်၊ နေထိုင်ပုံတွေကြောင့် ခဏလေးအတွင်းမှာ အောင်မြင်ကျော်ကြားလာသူလေး ဖြစ်ပါတယ်။

အထူးသဖြင့် မိန်းကလေးတွေရဲ့ အားကျလေးစားခြင်းခံရတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ Makeup Tutorial တွေကလည်း ပရိသတ်တွေရဲ့ကြားမှာ ရေပန်းစားအောင်မြင်ခဲ့ပါတယ်။ အခုဆို သူမက သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ အခြေချနေပြီဖြစ်ပါတယ်။ နေခြည်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ဝါရင့်သရုပ်ဆောင်များနဲ့ အတူ ရိုက်ကူးနေပါတယ်။

နာမည်ကြီး Makeup Brand တစ်ခုဖြစ်တဲ့ L'oreal Paris Red Carpet 2018 ပွဲမှာလည်း သူမက Makeup Artistတစ်ဦးအဖြစ် တက်ရောက်ခဲ့ပါတယ်။ပန်းဆီရောင်ဝတ်စုံနဲ့ ပွဲတက်လာခဲ့တဲ့သူမက Eye Shadow ကအစ အမိုက်ဆုံး ဖြစ်နေခဲ့ပါတယ်။ မိတ်ကပ်၊ ဆံပင်ကို May Oo နဲ့ Apirl Thutaတို့က အလှဆုံးဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးအတွက် Red Carpetထက်မှာ အပေါ်လွင်ဆုံးနဲ့ အမိုက်ဆုံး ဖြစ်နေတဲ့ နေခြည်ဦးရဲ့ပုံတွေကို ရှုစားဖို့ဖော်ပြပေးလိုက်ပါတယ်။

Source: Nay Chi Oo; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။