ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ချစ်သူနဲ့ပတ်သတ်တဲ့ ခံစားချက်တစ်ခုကို သူမရဲ့ လူမှုစာမျက်နှာပေါ်မှာရေးတင်ထားတာ တွေ့ရပါတယ်။ သူမနဲ့ပတ်သတ်တဲ့ အကြောင်းအရာတေယ်တော်များများကို သူမရဲ့ ပရိသတ်တွေအတွက် ပွင့်ပွင့်လင်းလင်းပြောပြလေ့ရှိတဲ့သူမတစ်ယောက် ဒီတစ်ခေါက်မှာတော့ ချစ်သူနဲ့ပတ်သတ်ပြီး အားနာစရာဖြစ်ခဲ့ရသူတွေကို ယခုလိုတောင်းပန်စကားဆိုထားတာ တွေ့ရပါတယ်။ 

"အော်!!! ချစ်သူတယောက်ထားမိပါတယ်... ချစ်လွန်းလို့ Facebook password တွေပေး instagram password တွေပေး I phone Apple ID password တွေပေး... သူကအလုပ်နဲ့ပတ်သက်တဲ့သူတွေရော တချို့ fan တွေရော မဆိုင်တဲ့သူတွေပါ block ထား မိတ်တွေပျက် အထင်တွေအမှားခံရတာ မတန်တော့ပါလားအခုတော့... တော်တော်စိတ်ပျက်မိပါတယ်

Block ထားခံရတဲ့သူများ unfriend အလုပ်ခံထားရသူများကို သင်ဇာတောင်းပန်ပါတယ် ... မသိခဲ့လို့ပါ" ဆိုပြီး တောင်းပန်ထားတာ တွေ့ရပါတယ်။

အချစ်ရေးနဲ့ပတ်သတ်ပြီး ချစ်သူရှိတယ်လို့ပြောပြထားပေမဲ့ မည်သူမည်ဝါဆိုပြီး ပြောပြထားတာမျိုးတော့ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သတ်လို့ သင်ဇာတော့ သူမရဲ့ချစ်သူကို စိတ်ပျက်မိတယ်လို့ပြောထားတာ တွေ့ရပြီး ဒီကိစ္စက သူမတို့အချစ်ရေးအတွက် ဘာတွေဆက်ဖြစ်မလည်းဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားလို့နေကြပါတယ်။

Photo Source : Thinzar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။