မနေ့ကညကတော့ ကမ႓ာကျော် Brnad တစ်ခုဖြစ်တဲ့ L'Orel Paris ရဲ့ Red Carpet ပွဲကြီးကို Melia' ဟိုတယ်မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပြီး နာမည်ကြီး ထိပ်တန်းအနုပညာရှင်များစွာ Social Influencers များနှင့် Bloggers တွေက တက်ရောက်ချီမြှင့် ဂုဏ်ပြုခဲ့ကြပါတယ်။ ဂျွန်လွင်က ဦးစီးပြီး ဒီပွဲကြီးကို စီစဉ်ခဲ့တာဖြစ်ပြီး ကိန်းရုပ်ရှင်ပွဲတော်ကို inspire ယူပြီး ကြီးမှူးကျင်းပတဲ့ Red Carpet ပွဲကြီးလည်းဖြစ်ပါတယ်။ 

ဒီပွဲမှာတော့ အမိုက်စားဖက်ရှင်ရှိုးပွဲတွေလည်း ပါဝင်ပြီး မြန်မာပြည်ရဲ့ ထိပ်တန်းမော်ဒယ်လ်တွေက ပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။ ဒီပွဲကိုတက်ရောက်လာသူအားလုံးဟာ ဆန်းသစ်တဲ့ အမိုက်စားဖက်ရှင်အလှအပတွေနဲ့အတူ အနီရောင် ကတ္တီပါကော်ဇောထက်မှာ တောက်ရွှန်းလှပနေကြတာ တွေ့ရပါတယ်။ ဖက်ရှင်ကို ဦးစားပေးတက်ရောက်တဲ့ ဒီပွဲမှာတော့ The Best Fashion Beauty Dress Award ဆုကြီးကို ချီးမြှင့်ခဲ့ပြီး ကဏ္ဍအသီးသီးက အမျိုးသမီးတွေကို ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ 

ဆုရရှိသူတွေထဲမှာတော့ ဝတ်မှုန်ရွှေရည် မယ်လိုဒီ ပိုင်ဖြိုးသု သန္တာလှိုင် မေမြတ်နိုး နေခြည်ဦး မထက် လင်းလင်း မြနှင်းရည်လွင်နဲ့ ပိုးမမီသာ တို့က ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ အမိုက်စား အလန်းစား အလွင့်စား ဖက်ရှင်တွေနဲ့ တခမ်းတနားတက်ရောက်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ ပွဲတက်ဖက်ရှင်အချို့ကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်.....

Photo Source : Nay Min Tun & Aye Zaw Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။