တရုတ်နှစ်သစ်ကူးပွဲတော်အား ရန်ကုန်မြို ့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

ယခုနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်အား ရန်ကုန်မြို ့၌ ယခင်နှစ်များနှင့် မတူ တစ်မူ ထူးခြားစွာဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပမှု အပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “တရုတ် ရိုးရာ နှစ်သစ်ကူးကို ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ တရုတ်တန်းမှာ အကြီးအကျယ် ကျင်းပမှာပါ။စည်စည်ကားကား ၊ သိုက်သိုက် မြိုက်မြိုက် နဲ ့အားလုံး ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုး တစ်ခု အတွက်ပါ။ဒါက နှစ်သစ်ကူး ပွဲတော်လဲ ဖြစ်သလို တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုပြီး ဖော်ဆောင် နိုင်ဖို ့ ကျွန်တော်တို ့ ကြိုးပမ်းသွားပါမယ်။”ဟု ဆင်ဟွာသို ့ပြောကြားခဲ့သည်။

တရုတ်နှစ်သစ်ကူးပွဲတော်အား ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားစွာဖြင့် နိုင်ငံတကာရှိ တရုတ်တန်းများကဲ့သို ့ နိုင်ငံခြား ဧည့်သည်ကို ဆွဲဆောင်နိုင်ရန် ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးနီက ဆင်ဟွာသို ့ပြောသည်။

“၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ တစ်ခါမှ မကြုံဖူးတဲ့ အခွင့်အရေးကြီး ရထားတာပေါ့ဗျာ။တိုင်းဒေသကြီး အစိုးရကနေ ဒီနှစ် တရုတ်တန်းမှာ နိုင်ငံခြား တရုတ်တန်းတွေလို မြန်မာနိုင်ငံမှာလဲ စည်ကားသိုက်မြိုက်အောင် လုပ်ပေးပါ။နိုင်ငံခြား ဧည့်သည်ကို ဆွဲဆောင်နိုင်ဖို ့၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ မြန်မာနိုင်ငံ လာနိုင်ဖို ့ရာ ကျွန်တော်တို ့ရဲ ့တရုတ်တန်းကို စည်စည်ကားကား ဖြစ်တဲ့ အကြောင်း တွေ ့စေချင်တယ်။ ဒါကြောင့် ဒီနှစ် အရင်နှစ်နဲ ့မတူ တစ်မူထူးခြားတဲ့ တရုတ်နှစ်သစ်ကူးကို လုပ်ဖို ့စီစဉ်ထားတယ်။”ဟု မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးနီက ပြောသည်။

တရုတ်နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို ့ရှိ တရုတ်တန်း တစ်လျှောက် တရုတ်ရိုးရာ မီးပုံး ၃၁၀၀ ကျော် နှင့် တရုတ် ယဉ်ကျေးမှု ပုံစံ ဖော်ညွှန်းထားသည့် မုခ်ဦးများဖြင့် အလှဆင်ထားပြီး ဖျော်ဖြေရေး မဏ္ဍပ်များအား ရွှေတိဂုံ ဘုရားလမ်း ၊ မောင်ခိုင်လမ်း ၊ စဉ်အိုးတန်းလမ်း ၊ လသာလမ်းနှင့် လမ်းမတော်လမ်းတို ့တွင် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ အခမ်းအနားအား ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် ရွှေတိဂုံ ဘုရားလမ်းရှိ မြန်မာနိုင်ငံ တရုတ် ကုန်သည်များ အသင်းရှေ ့ ဖျော်ဖြေရေး မဏ္ဍပ်တွင် စတင်ဖွင့်လှစ်ပြီးနောက် တရုတ်တန်းတစ်လျှောက် မဏ္ဍပ်အသီးသီးအား လိုက်လံ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို ့အတူ တရုတ်နိုင်ငံမှ ယဉ်ကျေးမှု အဖွဲ ့၃ ဖွဲ ့မှလည်း ရန်ကုန်မြို ့၌ ကျင်းပမည့် တရုတ်နှစ်သစ်ကူး ပွဲတော်တွင် လာရောက် ကပြသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို ့၌ ကျင်းပမည့် တရုတ်နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်ရိုးရာ ခြင်္သေ့ ၊ နဂါးရုပ် ကောင်ရေ ၆၀ ကျော်မှ ဘင်ခရာ တီးဝိုင်းများဖြင့် လှည့်လည်မည့် အစီအစဉ်များ အပြင် တရုတ်ရိုးရာ ယဉ်ကျေးမှု အနုပညာများအား ပြသရန် စီစဉ်ထားကြောင်း သိရသည်။

ယခင်နှစ်များထက် ပိုမို စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် တရုတ်နှစ်သစ်ကူးပွဲတော်တွင် တရုတ်-မြန်မာ ရိုးရာ ဓလေ့ထုံးစံ ယဉ်ကျေးမှုများ ပေါင်းစပ် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ၊ ဖွင့်ပွဲ မနက်ပိုင်းတွင် သံဃာတော် များအား အာရုံဆွမ်းလောင်းရန် စီစဉ်ထားသည့် အပြင် တရုတ်တန်း တစ်လျှောက် စတုဒီသာ ကျွေးမွေးရေး အစီအစဉ်များလည်း ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက် အရ တရုတ်နှစ်သစ်ကူးပွဲတော်အား မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း ၊ တရုတ် လူမှုရေး အသင်း ၊ ယူနန် အသင်း ၊ ဖူကျန် ့အသင်း ၊ ကွမ်တုံ အသင်းတို ့ပူးပေါင်း စီစဉ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

“တရုတ်နှစ်သစ်ကူးမှာ မြန်မာနိုင်ငံမှာလဲ ဖွံ ့ဖြိုး တိုးတက်မှုတွေ ဖြစ်စေချင်ပါတယ်။ ငြိမ်းချမ်းရေးလဲ တည်ဆောက် ချင်ပါတယ်။လာမယ့် နှစ်သစ်ကူးမှာ ကျွန်တော်တို ့နိုင်ငံမှာ ငြိမ်းချမ်းရေးတွေ ရပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြားမှာ ချစ်ကြည် ရင်းနှီးမှု ပိုမို တိုးတက်ပြီးတော့ ဖွံ ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် နိုင်ပါစေလို ့ကျွန်တော် အနေနဲ ့ဆန္ဒပြုပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရုတ်နှစ်သစ်ကူး ဆုတောင်းစကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးနီက “ဒီနှစ် တရုတ်နှစ်သစ်ကူးမှာ ပင်လယ်ရပ်ခြား ရှိတဲ့ တရုတ် လူမျိုးအားလုံးနဲ ့တစ်ကမ္ဘာလုံးမှာ သူတို ့နေထိုင်ခဲ့တဲ့ တိုင်းပြည်ရဲ ့လူမျိုးတွေနဲ ့အတူတကွ တရုတ်နှစ်ကူး ကို အားလုံး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနို်င်ပါစေလို ့ဆုတောင်း မေတ္တာပို ့သအပ်ပါတယ်။”ဟု ဆုတောင်းစကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးလှမင်းက “အားလုံး ကျန်းကျန်းမာမာနဲ ့ချမ်းချမ်းသာသာ ရှိကြပါစေ။ဒီနှစ်က ကြက်နှစ် ဖြစ်တဲ့ အတွက် အားလုံးက စီးပွားတိုးတက်ပါစေလို ့ဆုတောင်းပါတယ်။”ဟု ပြောဆိုခဲ့ပါတယ်။

Source: XinHua

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။