မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်လေးတွေထဲကတစ်ယောက်ဖြစ်တဲ့ ပရိသတ်အချစ် တော် နန်းဆုရတီစိုးက တော့ အဆိုပညာမှာလည်းထူးချွန် သရုပ်ဆောင်စွမ်းရည် တွေနဲ့ လည်းပြည့်စုံတဲ့ အနုပညာရှင်မင်းသမီးချောလေး ပဲဖြစ်ပါတယ်။သူမ ကတော့ လက်ရှိမှာ ကိုရီးယားနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ ရင်သက်ရှု့မောဖွယ် ရှုခင်းမလှ တွေ နဲ့လည်ပတ်လို့ကောင်းတဲ့နေရာတွေကို သွားရောက်လည်ပတ်ရင်းပျော်ရွှင်နေပါတယ်။ သူမကတော့ ချစ်ရသူကိုယ်တော်ချောလေးနဲ့အတူခရီးတွေထွက်ရတာဆိုတော့ အရမ်းကိုပျော်ရွှင်နေတာပဲ ဖြစ် ပါတယ်။ 

သူမရဲ့လူမှုကွန်ယက်မှာလည်း ခရီးသွားပုံရိပ်လေးတွေကို မျှဝေထားတာကြောင့် ပရိသတ်တွေအချစ်ပိုနေရတာ ပဲဖြစ်ပါတယ်။ဒီနေ့သူမရဲ့လူမှု့ကွန်ယက်မှာတော့ တကယ့်ကိုအသဲယားစရာ အမြင့်ကြောက်တဲ့သူတွေအတွက် ဒူးတုန်စရာ ပုံရိပ်လေးတစ်ပုံကို မျှဝေခဲ့တာကြောင့် ပရိသတ်အားလုံးအံ့အားသင့်ခဲ့ကြရပါတယ်။နန်းဆုကိုလည်း တော်ရုံတန်ရုံသတ္တိခဲမလေးမဟုတ်ဘူးဆိုပြီး ပရိသတ်တွေချီးကျူးနေကြတာပဲ ဖြစ်ပါတယ်။ 

သူမကတော့ ၁၂၁ထပ်မြင့်တဲ့ အဆောက်အအုံကြီးပေါ်ကနေ မကြောက်မရွံဓာတ်ဖမ်းခဲ့တာပဲ ဖြစ်ပါတယ်။အာဂ သတ္တိခဲမလေးနန်းစုဓာတ်ပုံရိုက်ကူးခဲ့တဲ့ အဆောက်အအုံကြီးကတော့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးTower တစ် ခုဖြစ်တဲ့ Lotte World Seoul Sky Tower ကိုသွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး ဟိုးအောက်ကို ဒိုးယိုပေါက်မြင် ရတဲ့ မှန်တွေနဲ့ပြုလုပ်ကြမ်းပြင်ပေါ်မှာ မကြောက်မရွံဓာတ်ဖမ်းခဲ့တာပဲ ဖြစ်ပါတယ်။ချစ်သူကအနားမှာရှိတော့ နန်းဆုတစ်ယောက် ဒီလောက်ကတော့ မမှုဘူးထင်ပါရဲ့။သူမကတော့ “ 121ထပ်ပေါ်မှာဗျို့ အောက်မကြည့် ရဲလို့ အပေါ်ကြည့်ပြီးပဲများနေတာအယ်လယ်”ဆိုပြီးလူမှုကွန်ယက်မှာ ပုံလေးတင်ခဲ့တာပဲ ဖြစ်ပါတယ်။ချစ်သူ အတူခရီးတွေထွက်ရင်းပျော်ရွှင်နေတဲ့ ပရိသတ်အချစ်တော် နန်းဆုရဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက် ပါတယ်နော်။ 

သတင်းအရင်းအမြစ် - နန်းဆုရတီစိုး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။