ချစ်ပရိတ်သတ်ကြီးရေ Professional Super Model တစ်ဦးဖြစ်တဲ့ မေမြတ်နိုးကိုတော့ ပရိတ်သတ်ကြီးချစ်မယ်ထင်ပါတယ်နော်။သူမဟာ မြန်မာနိုင်ငံမှာပါမကပဲ ပြည်ပမှာပါ နာမည်ကြီးအောင်မြင်မှုရနေတဲ့ မော်ဒယ်ချောလေး တစ်ဦးဖြစ်ပါတယ်။မော်ဒယ်လောကမှာ နာမည်ကြီးရုံတင်မကပဲ အဆိုပိုင်းမှာလည်း ကျွမ်းကျင်အရည်ချင်းရှိတဲ့ သူလေးဖြစ်တာကြောင့် ပရိတ်သတ်တွေအသဲစွဲနေရခြင်းဖြစ်ပါတယ်။

မေမြတ်နိုးဟာ လတ်တလောမှာတော့ နာမည်ကြီး Makeup Brand တစ်ခုဖြစ်တဲ့ L’oreal Paris Red Carpet ပွဲကိုတက်ရောက်ခဲ့တာဖြစ်ပြီး အနက်ဆောင် Dress လေးနဲ့နန်းဆန်သွား အလွန်လှပနေတဲ့ ပုံရိပ်လေးတွေကိုပရိတ်သတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။ဝတ်စုံလေးကိုတော့ Charlotte Barjou ကဆင်မြန်းပေးပြီး Makeup ကိုတော့ Shine ကဖန်တီးပေးထားကာ Jewels ကတော့ Rose Khin Meemee Win ကဆင်မြန်းပေးထားပါတယ်လို့သူမဖေ့ဘွတ်စာမျက်နှာမှာဖော်ပြထားပါတယ်။

အသားညိုညိုလေးနဲ့ ဘိုဆန်ဆန်စွာ Red Carpet ထက်မှာနန်းဆန်ဆန် လှပနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီး ပရိတ်သတ်ကြီးကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်ရှေ့ဆက်ပီးလည်း သူမရဲ့အနုပညာအလုပ်တွေကိုဆက်လက်အားပေးလိုက်ပါအုံးနော်။

Source:May Myat Noe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။