ပရိသတ်အချစ်တော်ချင်းတိုင်းရင်းသူလေး သက်မွန်မြင့်တစ်ယောက် သူမရဲ့မွေးလဖြစ်တဲ့ July လမှာ Lush Magazine Cover အတွက် တစ်မျိုးလေးအမြင်ဆန်းတဲ့ ပုံစံလေးတစ်ခုကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့အတူ အိန်ဂျယ်လမုန်၊ ဂျွန်မိုမိုကို၊ Morain Lu San တို့ကလည်း ပါဝင်ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ မြင်နေကျပုံစံတွေနဲ့မတူပဲ ခပ်ဆန်းဆန်းလေး ကွဲထွက်နေတဲ့ သူမတို့ရဲ့ပုံစံတွေက အမိုက်စားပါပဲ။

ကလေးနှစ်ယောက် အမေလို့တောင်ထင်ရက်စရာမရှိအောင် သူမရဲ့ပုံစံလေးက ဆွဲဆောင် မှုတွေ ပိုလွန်းနေပါတယ်။ အနုပညာလောကထဲမှာ သူမကျင်လည်ခဲ့တာ ဆယ်စုနှစ်တစ် စုကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ချစ်စဖွယ်သားနဲ့သမီးတို့နဲ့အတူ ဖြတ်သန်းနေ တာပဲဖြစ်ပါတယ်။

သူမရဲ့အမြင်ခပ်ဆန်းဆန်းပုံရိပ်လေးတွေကို " LUSH Magazine COVER မှာ မင်းသမီးနဲ့ မော်ဒယ် တို့ရဲ့ထူးခြားတဲ့အတွဲအစပ်လေးပါ ကိုယ့်မွေးလဆို မဂ္ဂဇင်းကာဗာ ထွက်တတ်တာ လည်း ထူးခြားမှု တခုပါပဲ " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် လှပတောက်ပြောင်လွန်းတဲ့ ချစ်သက်ရဲ့အလှတွေဟာ အချိန်တိုင်းမှာ ဆွဲဆောင်မှုတွေ အပြည့် ဖြစ်လို့နေပါတယ်။ ပရိသတ်ကြီးကို လည်း ချစ်သက်ရဲ့အမိုက်စားဒီဇိုင်းပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo - Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။