ပရိသတ်အချစ်တော်အေးမြတ်သူနဲ့ mrtv-4 ရဲ့ အစီစဉ်တင်ဆက် သူကောင်းထက်ဇော်တို့ရဲ့ အားပြိုင်မှုကတော့ တကယ်ကို ဇာတ်ရှိန်မြင့်လာပြီပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက မင်းသမီးအေးမြတ်သူ ဟာသူမရဲ့ လူမှုကွန်ယက်ကနေ ဗီဒီယိုဖိုင်လေးတစ်ခုတင်ခဲ့ပြီး ကောင်းကြီးကို စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။သူမကတော့ ဗီဒီယိုထဲမှာ စည်းချက်ညီညီနဲ့ ခပ်မိုက်မိုက်ကကွက်တွေ ကပြခဲ့တာဖြစ်ပြီး သူမလိုလိုက် ကဖို့ ကောင်းကြီးကိုတစ်ဝိုင်းကြေး စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ အားပြိုင်မှုကတော့ ပရိသတ်တွေကြား တကယ့်ကို ရေပန်းစားခဲ့ပြီး စိတ်ဝင်စားမှုမြင့်တက်နေခဲ့တာပဲ ဖြစ်ပါတယ်။ဒီတစ် ခေါက်မှာတော့ အေးမြတ်သူရဲ့ စိန်ခေါ်မှုကို ကောင်းထက်ဇော် တစ်ယောက် သတ္တိရှိရှိနဲ့တုန့်ပြန်လာခဲ့ပါပြီး။ကောင်းထက်ဇော်ကတော့အေးမြတ်သူတင်မကပဲ ကောင်းထက်ဇော်ရဲ့ ခပ်ပြည့်ပြည့်ခန္ဓာကိုယ်လေးကြောင့် အမိုက်စား ကကွက်လေးကနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တဲ့ အလှမယ်ရွှေအိမ်စည်ကိုပဲ တစ်ခါထဲ တုန့်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

ကောင်းထက်ဇော်ကတော့ ပရိသတ်တွေကို ရော စိန်ခေါ်သူ အေးမြတ်သူနဲ့ ရွှေအိမ်စည်ကိုပါ ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် ကကွက်လေးတွေနဲ့ တုန့်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ကောင်းထက် ဇော်ရဲ့ အကဗီဒီယိုဖိုင်လေးကတော့ နာရီပိုင်းအတွင်းမှာတင် ကြည့် ရှု့သူအရမ်းကိုများပြားခဲ့ပြီး ပရိသတ်တွေသဘောကျစေခဲ့တာပဲ ဖြစ်ပါတယ်။ထင်မှတ်မထားလောက်တဲ့ စည်းချက်ညီညီ ကနိုင်တဲ့ ကောင်းထက်ဇော်ရဲ့ အကစွမ်းရည်တွေကို အေးမြတ်သူတစ်ယောက် အရှုံးပေးမလား တစ်ကျော့ပြန် ပြိုင်ကြအုန်းမလားဆိုတာ စောင့် ကြရမှာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့သူတို့၂ဦးရဲ့ အကဗီဒီယို ဖိုင်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ကောင်းထက်ဇော်/အေးမြတ်သူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။