နှစ်တိုင်းကျင်းပမြဲဖြစ်တဲ့ Sedona Hotel က မင်္ဂလာမောင်နှံတွေအတွက် ရည်ရွယ်တဲ့ Wedding Fair ကတော့ Journey of Love ဆိုတဲ့ အမည်လေးနဲ့ Sedona Hotel Grand Ballroom မှာ

July 7 ရက်နဲ့ July 8 ရက်နေ့ မနက် ဆယ်နာရီကနေ ညနေခြောက်နာရီထိ ကျင်းပလျက်ရှိပါတယ် ။ အဆိုပါ Wedding Fair မှာ ပါဝင်ပြသတဲ့ ဒီဇိုင်းနာတွေရဲ့လက်ရာတွေနဲ့ ပါဝင်လျှောက်လှမ်းပေးခဲ့ကြတဲ့

မော်ဒယ်တွေရဲ့ မင်္ဂလာဖက်ရှင်တွေကတော့ တစ်နှစ်နဲ့ တစ်နှစ်မရိုးရအောင် သစ်ဆန်းလို့နေတော့တာပါပဲ ။ 

အနုပညာရှင်တို ့ရဲ့ ရင်သွေးမျိုးဆက်သစ်လေးတွေဖြစ်တဲ့ အဲလက်စ် ရဲ့ သမီးလေး ဒိုရာအဲလက်စ် ၊ ဒီဇိုင်းနာငြိမ်းကိုရဲ့ တူမလေး Apple ၊ အရိုင်းရဲ့ သမီးလေး ပန်းနုပျိုမယ် ၊ ၀ါဆိုမိုးဦးရဲ့

တူမဖြစ်သူ သင်ဇာ ၊ မို့မို့မြင့်အောင်ရဲ့ တူမလေး ၀ါဆိုမြင့်အောင် ၊ အိန္ဒြာကျော်ဇင်ရဲ့ တူမလေး မေတိုးခိုင် ၊ ကျော်ရဲအောင်ရဲ့ သမီးလေး မှုန်နံသာကျော်ရဲအောင် ၊

တေးရေးဇဝါရဲ့သမီး အဆိုတော် ပိုပိုဟေသာ ၊ ယွန်းယွန်း တို့က ဒီဇိုင်းနာငြိမ်းကို ရဲ့ ဒီဇိုင်းတွေကို ဆင်မြန်းပြီး ပါဝင်လျှောက်လှမ်းပေးခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ် ။

Wedding တစ်ခု မှာ မင်္ဂလာဝတ်စုံတွေနဲ့တန်းတူ အရေးကြီးတဲ့ အရာကတော့ လက်ဝတ်ရတနာတွေပါ ။ ဒါကြောင့်မို့ Wedding Fair မှာ စိန်နန်းတော်ကလည်း မင်္ဂလာပွဲအတွက် လှပတဲ့ လက်ဝတ်ရတနာတွေကို

ဝင်ရောက်ပြသခဲ့ပါတယ် ။ ရွှေနန်းတော်က ရတနာတွေနဲ့ နာမည်ကျော်ဒီဇိုင်းနာတို့ရဲ့ ဖက်ရှင်ပေါင်းလိုက်တဲ့ အခါမှာတော့ မော်ဒယ်တွေက ရင်သပ်ရှုမောလောက်အောင် တင့်တယ်တဲ့ သတို့သမီးလေးတွေ ခန့်ညားချောမောတဲ့ သတို့သားလေးတွေ

ဖြစ်လာတော့တာပါပဲ ။ မော်ဒယ်တွေက ဝတ်ဆင်ပြီး ပြသခဲ့ကြတဲ့ မင်္ဂလာ ပုံရိပ်လေးတွေကို ပရိတ်သတ်တို့ အတွက် တဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။

သတင်းအရင်းမြစ် Rose khinmeemeewin ( Sein Nan Taw )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။