မပွတ်ကျွတ်လို့ ပရိသတ်တွေချစ်စနိုးခေါ်တဲ့ ခိုင်သင်းကြည်တစ်ယောက် သူမရဲ့မိသားစုနဲ့အတူ Fit Way GYM grand opening ပွဲကိုတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ အမြဲလိုလို ဆင်တူအင်္ ကျ ီလေးတွေ ဝတ် တတ်ပြီး ချစ်စရာကောင်းတဲ့ သူမတို့သားမိနှစ်ယောက်ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေက ညီအမတွေလို့ စနောက်တတ်ကြပါတယ်။

အနုပညာလမ်းကြောင်းပေါ်မှာ သူမလျှောက်လှမ်းခဲ့တာ ဆယ်စုနှစ် နှစ်စုမက ရှိခဲ့ပြီ ဖြစ်ပြီး လက်ရှိ အချိန် ထိလည်း အောင်မြင်မှုတွေအပြင် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု တွေကိုပါ ပိုင်ဆိုင်ထားသူ တစ်ယောက်အဖြစ်နဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာ တော့ သူမတို့က Fit Way GYM ဖွင့်ပွဲကို မိသားစုလိုက် ပျော်ပျော်ပါးပါးတက်ရောက်ခဲ့ကြ တာပဲဖြစ်ပါတယ်။

အမေ့ခြေရာအပြည့်အဝနင်းမယ့် သူမရဲ့ချစ်သမီးလေး စံထိပ်ထားဦးဟာလည်း လက်ရှိမှာ ကြော်ငြာ လေးတွေရိုက်ကူးပြီး အနုပညာလမ်းကြောင်းပေါ်ကို စတင်ခြေချနေပြီပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်း တွေမှာတော့ ပါဝင်သရုပ်ဆောင်ခြင်းမရှိသေးပါဘူး။ မိသားစုလိုက် ဖွင့်ပွဲတက်ရောက်လာခဲ့တဲ့ မပွတ်ကျွတ်တို့ရဲ့ ချစ်စဖွယ်မိသားစုပုံရိပ်လေးကို ပရိသတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo - Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။