မျိုးကျော်မြိုင်ဟာ သူ့ရဲ့ တကိုယ်တော်ရှိုးပွဲ အတွက် ပြင်ဆင်နေတယ်လို့သိရပါတယ်။ ပင်ပန်းပြီး အလုပ်များနေတဲ့ အခါမှာ ဟိုတွေးဒီတွေး တွေး ကာ ဒီစာကိုရေးလိုက်လေရဲ့....'ကျနော်အခုလို တကိုယ်တော် show အတွက် စပြင်ဆင်တဲ့အချိန်မှာ သတိသွားရနေမိတဲ့သူ၂ဦး ရှိပါတယ်။ ပထမ တဦးကတော့ ဦးကျော်ဟိန်းပါ။ ဦးကျော်ဟိန်းက ရုပ်ရှင်ဘက်ကဆိုပေမဲ့ ဒီ ဂီတ ကို ဘယ်လောက်အဓိကထားလဲဆိုတာ သီချင်းတပုဒ်ကို music arrangement မှာရော။ stage performance မှာပါ ။ အရမ်း detail ကျပြီး ကြိုတင်ပြင်ဆင် ထားတတ်တာရယ် ။

သီချင်းတပုဒ်ရဲ့ဖွဲ့စည်းပုံအစအဆုံးဟာ ရုပ်ရှင်ကားတကားလိုဘဲ ဟာကွက်မရှိအောင်ကြိုတင်ပြင်ဆင်ထားတတ် တာတွေရယ်။ အဲလောက်တွေးပြီးလုပ်တဲ့ရလာဒ်ဟာ တခုမဟုတ်တခု စွဲကျန်နေခဲ့စေပါတယ်။ဦးကျော်ကို ဒီလိုအချိန်တွေမှာ သတိရမိပါတယ်။

နောက်တယောက်ကတော့ စိုင်းစိုင်း ပါ။ကျနော်တို့ ပေါ်ပြီးတော်တော်နောက်ပိုင်းမှ သီဆိုတယ် ဆိုပေမဲ့ သူ live show လုပ်တဲ့ပွဲတိုင်းမှာ သူ လုပ်ချင်တာတွေကို အတီးပိုင်းဖြစ်ဖြစ်။စက်ပိုင်းဖြစ်ဖြစ် စလုပ်ခဲ့ကတည်းက confident အပြည့်သုံးပြီ သူရော သူ့ရဲ့သူငယ်ချင်းများစွာအတွက်ပါ နေရာပေးပြီး ဆွဲခေါ် သီဆိုဖျော်ဖြေလာနိုင်တာတွေရယ် ။show အတွက် management အရမ်းကောင်းအောင်လုပ်နိုင်တာတွေဟာအခုချိန်မှာ အမှတ်ရစေပါတယ်။ကျနော်တပုဒ်ဆိုဖို့ stage fright ဖြစ်နေချိန်မှာ သူကအေးဆေး အပုဒ်ပေါင်းများစွာ ဆိုပြသွားနိုင်တာဟာချီးကျုးစရာပါဘဲ။'

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။