မော်ဒယ်သရုပ်ဆောင်မလေးရွှေပိုးအိမ်ကတော့ ခုနောက်ပိုင်းမှာ ကုသိုလ်ရေး ပရဟိတလုပ်ငန်းတွေကို သိသိသာသာအားစိုက် လုပ်ကိုင်လာတာကို ပရိသတ်တွေသတိထားမိကြမယ်ထင်ပါတယ်။ ဘာသာတရားလည်းကိုင်းရှိုင်းတဲ့သူမကတော့ ဝတ်ဖြူစင်ကြယ်နဲ့ အဓိဋ္ဌာန်ဝင်တရားဘာဝနာပွားများကုသိုလ် ယူနေပုံလေးကိုလည်း မကြာခဏမြင်တွေ့ရပါတယ်။ 

ဒီနေ့မှာလည်း ခရီးသွားရင်း ဖြူစင်သန့်ရှင်းတဲ့ သဒ္ဒါတရားတွေနဲ့ လှူ ဒါန်းမှုတစ်ခုကိုပြုခဲ့တာပဲဖြစ်ပါတယ်။သူမကတော့ ရေနံချောင်းဘက် ခရီးထွက်နေတာဖြစ်ပြီး လမ်းမှာနေပူမိုးရွှာမရှောင် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ပင်ပန်းဆင်ရဲစွာလုပ်ကိုင်နေတဲ့ လမ်းအလုပ်သ မလေးတွေကို သဒ္ဒါတရားထက်သန်စွာနဲ့ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။သူမကတော့ရင်ထဲကပေါက်ထွက်လာတဲ့ လှူဒါန်းလိုစိတ်တွေ ကိုထိန်းမရပဲ သန့်ရှင်းတဲ့ကုသိုလ်ရေးမှာ တက်နိုင်သလောက်ကူညီခဲ့တာပဲ ဖြစ်ပါတယ်။ 

သူမရဲ့ လူမှုကွန်ယက်မှာလည်း "ဒီနေ့မနက် ရေနံချောင်းမှာရှိတဲ့လမ်းပြုပြင်နေတဲ့ အမတွေကို ကာလဒါနလေးလုပ်ခဲ့ပါတယ်ရှင်" ဆိုတဲ့စာလေးရေးသားပြီး သူမရဲ့ကုသိုလ်လေးကို ပရိသတ်တွေထံ မျှဝေ ပေးခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေအားလုံးလည်းအရမ်းကိုကြည်နူးဝမ်းသာဖြစ်ခဲ့ကြရပြီးသာဓုခေါ်ဆိုမဆုံးဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။Myanmarload ပရိသတ်တွေအတွက်လည်း မင်းသမီးချောလေး ရွှေပိုးအိမ်ရဲ့ မွန်မြတ်တဲ့ကုသိုလ်လေးကို ပြန်လည် မျှဝေပေး လိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ရွှေပိုးအိမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။