စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Mဆိုင်းလုတစ်ယောက် မနေ့က Melia Hotel မှာ ကျင်းပတဲ့ " L'OREAL PARIS MYANMAR RED CARPET EVENT " ကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ မော်ဒယ်စိမ်းရောင် ပွဲတက်ဖက်ရှင်ဟာ တကယ်ကို အလန်းစားပါပဲ။ အနီတွေကြားမှာ လှလှပပအစိမ်းလေးနဲ့ သူမရဲ့ပုံရိပ် တွေဟာ ထင်သာမြင်သာရှိလွန်းနေပါတယ်။

ကချင်တိုင်းရင်းသူလေးတစ်ဦးဖြစ်ပြီး သူမရဲ့လှပကျော့ရှင်းနဲ့ ခန္ဓာကိုယ်နဲ့ ချစ်စဖွယ် မျက်နှာလေးဟာ ပရိသတ်တွေကို ချစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ လက်ရှိအချိန်ထိ စူပါမော်ဒယ်အဖြစ်နဲ့ ရပ်တည်နေတာဖြစ်ပြီး သီချင်း MTV တွေကလွဲလို့ သရုပ်ဆောင်ပိုင်းမှာ သူမကိုမမြင်တွေ့ရသေးပါ ဘူး။

ခပ်ချေချေအမိုက်စား Pose တွေနဲ့ သူမရဲ့ပုံရိပ်တွေကို " Because I’m worth it " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ မော်ဒယ်စိမ်းရောင်အင်္ကျ ီလေးကို အမြင်ဆန်းအောင် အမိုက်စား ချုပ်လုပ် ထားတဲ့ သူမရဲ့ဝတ်စုံဟာ တကယ့်ကိုအကြွေစင်ပါပဲ။ လှပလွန်းတဲ့ တိုင်းရင်းသူလေး ဆိုင်းလုရဲ့ ပွဲတက်ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - M Seng Lu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။