သရုပ်ေ်ဆာင်အဆိုတော်မလေး ဝါဆိုမိုးဦးတစ်ယောက် မနေ့က Melia Hotel မှာ ကျင်းပတဲ့ " L'OREAL PARIS MYANMAR RED CARPET EVENT " ကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါ တယ်။ အဖြူရောင်ဖက်ရှင် လေးနဲ့ လှပလွန်းတဲ့ အဖြူရောင်နတ်သမီးလေးအဖြစ်နဲ့ ကော် ဇောနီထက်က သူမရဲ့ခြေလှမ်းတွေဟာ လှပလွန်းနေပါတယ်။ ရှင်းရှင်းလေးနဲ့ သူမရဲ့ပွဲ တက်ဖက်ရှင်လေးဟာလည်း တစ်မျိုးလေးဆွဲဆောင်မှု ပိုနေပါတယ်။

သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ သီချင်းခွေ တစ်ခွေလည်းထွက်ရှိထားကာ ပရိသတ်အားပေးမှုကိုလည်း အပြည့်အဝ ပိုင်ဆိုင်ထားပါသေးတယ်။ သူမရဲ့ချစ်သူဖြစ်တဲ့ Snare အဖွဲ့က အဆိုတော်ဖြိုးလေးနဲ့လည်း ချစ်သက်တမ်း နှစ်နှစ်ကျော်ကာလကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ဖေးမရင်း အတူတူရှေ့ဆက်လက်တွဲနေကြ တာပဲဖြစ်ပါတယ်။

သူမရဲ့အလှပဆုံးအဖြူရောင်ပွဲတက်ဖက်ရှင်ကို " မနေ့က L’Oréal’s Paris Myanmar ပွဲ လေးတက် ဖြစ်တယ် ပွဲတက်တိုင်းရှင်းရှင်းလေးဝတ်ရတာကြိုက်တယ်" ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။ အလှတွေနဲ့ မြင်သူတိုင်းရဲ့အသည်းတွေကို ကြွေအောင်ခြွေတော့မယ့် အဖြူရောင် နတ်သမီးလေး ဝါဆိုရဲ့ ပွဲတက်ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Warso Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။