လတ်တလော မြန်မာနိုင်ငံမှာ အရမ်းကို Serious ဖြစ်နေတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ပက်သက် ပြီး ရိုက်ကူး မယ့် ရုပ်ရှင်ဇာတ်ကားကတော့ " ဟစ်တိုင် " ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဝတ္ထုကတော့ စာရေးဆရာမ သျှင်မဖြစ်ပါတယ်။ သက်ငယ်မုဒိန်းနဲ့ပက် သက်ပြီး အသိပညာပေးတဲ့ စာအရေးအသားတွေနဲ့ ဇာတ်လမ်းဖွဲ့စည်းပုံတွေဟာ ဖတ်မိသူ တိုင်းရဲ့ စိတ်ဝိညာဉ်တွေကပါ ဇာတ်လမ်းထဲမှာ လိုက်ပါ စီးမျောသွားစေနိုင်ပါတယ်။

ဒီဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင်အဖြစ်နဲ့ အူဝဲကပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး သူမရဲ့ Character ကတော့ မုဒိန်းကျင့်ခံရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ မိခင်အဖြစ် ပါဝင်သရုပ် ဆောင်ရ မှာဖြစ်ပါတယ်။ သူမရဲ့ဇာတ်ကောင်နာမည်ဟာ " ဒေါင်းနီ " ဖြစ်ပြီး ဒီကနေ့မှာ စတင်ရိုက်ကူးတဲ့ သူမရဲ့ရိုက်ကွင်းပုံရိပ်တွေကို " ဒီနေ့မနက် ဟစ်တိုင်အဖွဲ့သားများ ဆင်ဖြူ ကျွန်းမြို့မှာ ရှိတဲ့ဘုရားကြီး မှာ ဘုန်းကြီးငါးပါးပင့်ပြီးသင်္ကန်းကပ်တရားနာခဲ့ကြပါတယ်... ပြီးတော့ "ဟစ်တိုင်"ရိုက်ကူးရေး စတင်ပါတယ်..... ဒေါင်းနီ ကိုစတင်အသက်သွင်းပါပြီ" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ ပဲ့ကိုင်ရှင်ကတော့ ဒါရိုက်တာဟိန်းစိုးဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ ထပ်ဆင့်အကယ်ဒမီမေသန်းနု၊ ထပ်ဆင့်အကယ်ဒမီသန်းသန်းစိုး၊ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ လှမျိုးသဉ္ဇာနွယ်၊ ကလေးသရုပ်ေ်ဆာင်ပြည့်ပြည့်နဲ့ တခြားအနုပညာ မောင်နှမတွေ ပါဝင်အားဖြည့်ကြမှာဖြစ်ပါတယ်။ သျှင်မရဲ့ နာမည်ကျော်ဝတ္ထုကို ပိတ် ကားပေါ်မှာ ပြန်လည်အသက် သွင်းပြီး ပရိသတ်တွေရဲ့ ခံစားချက်တွေကို ဘယ်လိုခြူမလည်း ဆိုတော့ ရင်ခုန်စွာနဲ့စောင့်မျှော်ရမယ့် ဇာတ်ကားကောင်းတစ်လက်ဖြစ်မှာ အသေအချာ ပါပဲ။

Photo - Eaindar Kyaw Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။