ကချင်တိုင်းရင်သူလေးအောန်ဆိုင်းတစ်ယောက် စူပါမော်ဒယ်အဖြစ်ကနေ သရုပ်ဆောင် မင်းသမီးဖက်ကို စတင်ကူးပြောင်းလိုက်ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ " နိုင်ငံကြီးသား " ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ သူမက ပါဝင်သရုပ်ဆောင်နေ တာပဲဖြစ်ပါတယ်။ သူမရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အစွမ်းကုန်ကြိုးစားထားတယ်ဆို တာ သူမရဲ့ပုံစံလေးက သက်သေပါပဲ။

တိုင်းရင်းသူလေးဖြစ်ပြီး လှပလွန်းတဲ့ သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် ပရိသတ် တွေကြားမှာ ရေပန်းစားတဲ့ စူပါမော်ဒယ်တစ်ဦးအဖြစ်နဲ့ ရပ်တည်နေတာ အချိန်အတိုင်း အတာတစ်ခုထိ ကြာမြင့်ခဲ့ပြီ ပဲဖြစ်ပါတယ်။ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပြီး Photo Shooting တွေ MTV တွေမှာပဲ သူမကိုအတွေ့များခဲ့ပါတယ်။

" နိုင်ငံကြီးသား " ရုပ်ရှင်ဇာတ်ကားကတော့ သူမရဲ့ပွဲဦးထွက်ဇာတ်ကားဖြစ်ပြီး ဒီမတိုင်ခင် ယခင်က ရုပ်ရှင်ဇာတ်ကားတွေမှာ သူမကပါဝင်သရုပ်ဆောင်ခြင်းမရှိခဲ့ပါဘူး။ သူမရဲ့ ပထမဆုံးဇာတ်ကားရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို " ဒီနေ့နိုင်ငံကြီးသားရိုက်ကွင်းမှာ ရင်ခုန်စွာဖြင့် " ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။ တိုင်းရင်းသူလေး အောန်ဆိုင်းရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကို ပရိသတ်ကြီးကလည်း အားပေးဝန်းရံလိုက်ပါဦးလို့။

Photo - Awn Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။