နန်းခင်ဇေယျာကတော့ Miss International Myanmar 2012 တစ်ဦး ဖြစ်ပါတယ်။ အချိုးအစား ပြေပြစ်လှပတဲ့ Body နဲ့ လှပတဲ့အသားအရည်တို့ကြောင့် နာမည်ကြီးသူတစ်ဦး ဖြစ်ပါတယ်။ Modelတစ်ဦးအဖြစ်စတင်ခဲ့ပြီး ယခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ရပ်တည်နေသူဖြစ်ပါတယ်။

စကားသံလေးကအစ ယဉ်ကျေးပြီး ချိုသာတဲ့သူမက ဗီဒီယိုဇာတ်ကားတွေအပါ ရုပ်ရှင်ကားတွေပါ ရိုက်ကူးနေရသူဖြစ်ပါတယ်။ သူမအနေနဲ့ တက်သစ်စဘဝကပင် ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမက ဥပဒေပညာနဲ့ဘွဲ့ရရှိထားသူဖြစ်ပြီး English & German ဘာသာ Tourism Guide တစ်ဦးလည်းဖြစ်ပါတယ်။

အခုလတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့လည်း " သစ္စာတရားရဲ့အမိန့်ပေးသံ" ရုပ်ရှင်ဇာတ်ကားကြီးကို ဝါရင့်သရုပ်ဆောင်များနဲ့အတူ ပါဝင်ရိုက်ကူးနေပါတယ်။ အခုလည်း သူမက Feel Shwe La Min စားသောက်ဆိုင်သစ်ဖွင့်ပွဲကို မျက်စိအေးသွားစေမယ့်ပုံစံလေးနဲ့ တက်ရောက်ခဲ့ပါတယ်။ မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်တဲ့နန်းခင်ဇေယျာရဲ့ ပန်းလေးပန်ပြီး နန်းဆန်နေတဲ့ပုံလေးတွေကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Source: Nang Khin Zay Yar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။