အချစ်ရေးနဲ့ပတ်သတ်ပြီးပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ချ ဝန်ခံထားတဲ့ အလှမယ်ရွှေအိမ်စည်ကတော့ချစ်ရတဲ့ချစ်သူအေးနေဝင်းနဲ့အတူသာယာပျော်ရွှင်တဲ့အချစ်ခရီးလမ်းလေးကိုလျောက်လှမ်းနေပါတယ်။ဒီနေ့မှာလည်း သူတို့ချစ်သူနှစ်ဦးရဲ့ တက်ညီလက်ညီ ကုသိုလ်ပြုနေမှု ပုံရိပ်လေးတွေကိုလည်း ကြည်နူးဖွယ်မြင်တွေ့ရပါတယ်။ 

ရွှေအိမ်စည်နဲ့ အေးနေဝင်းတို့စုံတွဲကတော့ တစ်ချိန်မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အကြီးအကဲတစ်ဦးဖြစ်တဲ့ အဖိုးဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်း အသက် ၁ဝ၈ နှစ်ပြည့်မွေးနေ့အတွက် ပြည်ရွှေဆံတော် ဘုရားမှာ သွားရောက်ကုသိုလ်ပြုခဲ့ကြတာပဲဖြစ်ပါတယ်။အေးနေဝင်းရဲ့ လူမှု့ကွန်ယက်မှာလည်း “ဗိုလ်ချုပ်ကြီး နေဝင်း (၁၀၈) နှစ်မြောက်မွေးနေ့ ပြည်မြို့ ရွှေဆံတော်ဘုရားကြီး မှာ အလှူအတန်းပြုပြီး သစ်ကနက် လက်ရှင်တော် ဖူးမျှော်ခဲ့”တယ် ဆိုပြီး ရေးသားထားတာကို မြင်တွေ့ရပါတယ်။

သူတို့နှစ်ဦးရဲ့ ကြည်နူးဖွယ်မောင်တစ်ထမ်းမယ်တစ်ရွှက် ကုသိုလ် ယူနေကြတဲ့ပုံရိပ် လေးတွေ ဟာလည်း တကယ့်ကိုကြည်နူးဖို့ကောင်း လှပါတယ်နော်။သူတို့မကတော့မကြာသေးခင်ကလည်း နိုင်ငံခြား ခရီးစဉ်တွေအတူသွားကြပြီး ပရိသတ်တွေအားကျနေကြရတဲ့ အနုပညာရှင်စုံတွဲလေး တစ်တွဲပဲဖြစ်ပါတယ်။ဒီနေ့မှာအဖိုးဖြစ်သူအတွက် ကုသိုလ်ယူခဲ့ကြတဲ့သူတို့စုံတွဲလေးရဲ့ ကုသိုလ်လေးကိုလည်း ပရိသတ်တွေသာဓုခေါ်ဆိုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - အေးနေဝင်း/ရွှေအိမ်စည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။