အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း ကတော့ ဒီနေ့အချိန်ထိ မြန်မာပရိသတ်တွေရဲ့ မျက်မှန်းတန်းမိပြီးသား Idol တစ်ယောက်ဖြစ်မှာပါ။

လက်ရှိအချိန်မှာ မိုင်ယာမီဘောလုံးအသင်းထောင်ထားပြီဖြစ်တဲ့ ဘက်ခမ်းဟာ ကမ္ဘာအရပ်ရပ်ကဘောလုံးချစ်ပရိသတ်တွေရဲ့ လေးစားအားကျရတဲ့ စတား တစ်ဦးဆိုလည်း မမှားပါဘူး.။ သူ့လို ကမ္ဘာကျော်စတား တစ်ဦးက မိသားစုအတွက်သာမက ဇနီးသည်ကိုပါ သဲသဲလှုပ်တန်ဖိုးထားချစ်တတ်သူလို့လည်း နာမည်ဂုဏ်သတင်းမွွှေးသူဖြစ်ပါတယ်။  

လက်တလော လူမှုကွန်ရက်ပေါ်မှာတော့ ဘက်ခမ်းတို့ ဇနီးမောင်နှံရဲ့ နှစ်ပတ်လည်နေ့ပုံရိပ်တွေက ပရိသတ်တွေကို အားကျစရာဖြစ်တဲ့အထိပါပဲ။

အဲ့ဒါထက်ပိုပြီး လူပြောများတာကတော့ သူတို့ရဲ့ နှစ်ပတ်လည်နေ့မှာ သောက်သုံးခဲ့တဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် ၀ုိင်ပုလင်းဖြစ်ပါတယ်။

အဲ့ဒီ £1,500 တန်ကြေးရှိတဲ့ ၀ုိင်ပုလင်းကတော့ မြန်မာငွေနဲ့ဆိုရင် သိန်းပေါင်းမနည်းလှအောင် တန်ဖိုးကြီးလှသလို (၁၉၉၀)ခုနှစ်ထုတ် Chateau Lafite Rothschild အမည်ရှိတဲ့ တန်ဖိုးကြီးဝိုင်ပုလင်းလို့ ပြောရမှာပါ။  

ပြင်သစ်နိုင်ငံထုတ် အဲ့ဒီဝိုင်အမျိုးစားဟာ လက်ရှိပေါက်စျေးအရ အမေရိကန်ဒေါ်လာ $1,064 ခန့် ရှိတယ်လို့ သိရပါတယ်။

ဘက်ခမ်းကတော့ ဇနီးချောဖြစ်သူ ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်း နဲ့ ဇူလိုင်လ(၆)ရက်နေ့မှာကျရောက်တဲ့ နှစ်ပတ်လည်နေ့လေးကို နှစ်ယောက်ထဲအတူ ကြည်ကြည်နူးနူးဖြတ်သန်းခဲ့ပါတယ်။ ဗစ်တိုးရီးယားက Special wine for a very Special Day X ဆိုတဲ့ စာလေးရေးသားကာ စားပွဲပေါ်မှာ တင်ထားတဲ့ အဲ့ဒီဝိုင်ပုလင်းကို ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်ပေါ် မျှဝေခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ သူတို့ နှစ်ဦးရဲ့ နှစ်ပတ်လည်နေ့မှာ အဲ့ဒီဝိုင်ပုလင်းကိုပိုပြီး မျက်စိကျနေကြပါတယ်။ 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။