Baby Baby ..ဆိုတဲ့ သီချင်းလေးနဲ့ မြန်မာပရိသတ်တွေ ကြားမှာပါ ရေပန်းစားရင်း နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုရရှိခဲ့သူကတော့ ဂျက်စတင်ဘီဘာပါပဲ။

ဘီဘာတစ်ယောက် လက်တလောမှာတော့ သူ့ရဲ့ ပရိသတ်ကောင်မလေးတွေကို အသဲကြွေအောင်လုပ်လိုက်ပြန်ပါတယ်။ အဲ့ဒါကတော့ ဘီဘာက ဆလီနာနဲ့တွဲစဉ်ထဲက ရှိခဲ့တဲ့ သူ့ရဲ့ နှုတ်ခမ်းမွှေးတွေကို ရိတ်ပစ်ခဲ့တာကြောင့်ပါ။ ဘယ်လိုတွေကြောင့် ရိတ်လိုက်ရတယ်ဆိုတာကတော့ သူ့ရဲ့ လက်ရှိကောင်မလေး မော်ဒယ်လ် Hailey Badwin နဲ့ အပန်းဖြေခရီးထွက်မှာမို့ ရိတ်လိုက်တယ်လို့ သိရပါတယ်။  

ဘီဘာဟာ ဟေလီ့ စကားကြောင့် သူ့ရဲ့ နှုတ်ခမ်းမွှေးတွေကို ရိတ်ပစ်ခဲ့ပြီး ဟေလီ ကိုလည်း သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ကျေးဇူးတင်ကြောင်းရေးသားထားတာကိုတွေ့ရပါတယ်။

သူဟာ ဟေလီနဲ့အတူ နေ့ရက်တိုင်းလိုလို အတူတူဒိတ်လုပ်ခဲ့သလို မကြာမှီမှာ ဟေလီနဲ့အတူ Bahamas ကို သွားမယ့် အပျော်ခရီးမထွက်ခင်မှာ သူ့ရဲ့ နှုတ်ခမ်းမွှေးတွေကို ရိတ်ပစ်ခဲ့ပုံရပါတယ်။  

ဆလီနာနဲ့ အချစ်ရေးတစ်ခန်းရပ်ပြီးနောက်မှာ ဘီဘာ တစ်ယောက် ငယ်ချစ်ဟောင်းဖြစ်သလို သူငယ်ချင်းမလေးဖြစ်တဲ့ ဟေလီနဲ့ ချစ်ကြိုးပြန်သွယ်ခဲ့ပြီး အခုလို လူမြင်ကွင်းမှာပါ အကဲပိုနေကြတဲ့အထိပါပဲ။ ဘီဘာဟာ ချစ်သူကို ဖက်ရင်း ကပ်ချွဲနေသလို လမ်းမပေါ်မှာလည်း နှစ်ယောက်သား အနမ်းတွေခြွေခဲ့တာမို့ ပရိသတ်တစ်ချို့ကတော့ အမြင်ကပ်နေလောက်မှာ သေချာပါတယ်။ ဟေလီ ဟာ ဘီဘာနဲ့ ငယ်သူငယ်ချင်းတွေဖြစ်သလို ဘီဘာနဲ့ နှစ်အနည်းငယ်ကြာ အဆက်သွယ်ဖြတ်တောက်ခဲ့ပြီး အကြာမှာ အခုလို ချစ်သူစုံတွဲတွေအဖြစ် တရားဝင်တွဲခုတ်နေတာဖြစ်ပါတယ်။

ဘီဘာ တစ်ယောက် ဒီကောင်မလေးနဲ့မှ တကယ်ကြီး ခြေငြိမ်တော့မှာလည်း ဆိုတာ ပရိသတ်တွေကတော့ စိတ်ဝင်တစား စောင့်ကြည့်နေတုန်းပါပဲ။  

သတင်းအရင်းမြစ် World Music Awards

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။