တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲသို့ လာရောက်ခဲ့ကြတဲ့ အနုပညာရှင်များ

ပရိသတ်ကြီးရေ တိမ်တိုက်တံတား ဆိုတဲ့ ရုပ်ရှင်ဇတ်ကားလေးဟာဆိုရင် ပြီးခဲ့တဲ့ နှစ်လောက်ကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာပဲဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် ရိုက်ကွင်းပေါ်က ပုံရိပ်လေးတစ်ချို့သာ လူမှုကွန်ယက်ပေါ်မှာ ပေါ်ထွက်လာတာဖြစ်ပေမယ့် အားပေးဖို့စောင့်မျှော်နေကြတဲ့ ပရိသတ်တွေ များစွာရှိနေတာပဲဖြစ်ပါတယ်။  

မကြာသေးခင်အချိန်လေးတစ်ခုက တိမ်တိုက်တံတား ရဲ့ Movie Trailer လေးထွက်လာတဲ့အခါမှာဆိုရင်လည်း တမူးထူးခြားတဲ့ ရိုက်ကူးမှုတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားပြီးရင်းစားနေတာပဲဖြစ်ပါတယ်။

ထိုကားလေးထဲက အဓိကဇတ်ဆောင်တွေဖြစ်ကြတဲ့ နေတိုးရဲ့ ဗီယက်နမ်အလှမယ်လေး ငုရင်ထရမ်ဟူရန်မိုင် ရဲ့ အချစ်ဇတ်ဝင်ခန်းလေးတွေဟာဆိုရင်လည်း ပရိသတ်တွေရဲ့ နှလုံးသားကို တကယ်ထိမှန်စေခဲ့တဲ့ ဇတ်ဝင်ခန်းလေးတစ်ခန်းပဲဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကား Movie press show ကို Junction City မှာကျင်းပခဲ့ကြပါတယ်။

ထိုပွဲလေးကိုတော့ တိမ်တိုက်တံတားရုပ်ရှင်ကားလေးထဲက သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး ၊ထွန်းထွန်း ၊ခင်ဝင့်ဝါ နဲ့ ငုရင်ထရမ်ဟူရန်မိုင် အပြင် အခြားသောအနုပညာရှင်တွေများစွာလည်းတက်ရောက်ခဲ့ကြပါတယ်။

ထိုရုပ်ရှင်ကားကြီးကိုတော့ ဇူလိုင်လ ၁၃ ရက်နေ့ သောကြာနေ့မှာ တစ်နိုင်ငံလုံးကြ အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ စတင်ပြသတော့မှာပဲဖြစ်ပါတယ်။

ရုံတင်မပြသခင်ထဲက ပရိသတ်တွေကြားထဲမှာသမက အနုပညာရှင်တွေကြားထဲမှာပါ အရမ်းအောင်မြင်မှတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တယ်ဆိုတာကတော့ အခုလာရောက်ခဲ့ကြတဲ့ အနုပညာရှင်တွေများစွာက သက်သေထူပေးနေသလိုပါပဲ။

ပရိသတ်တွေအတွက် တိမ်တိုက်တံတား ရုပ်ရှင်ဇတ်ကားကြီးရဲ့ movie press show ကိုတက်ရောက်လာတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ 

source - Wai Min Maung

photo credit - AYEZAWMOE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။