Single Mother အဖြစ်နဲ့ သားသမီးတွေရှေ့က ရဲရဲဝံ့ဝံ့ ရပ်တည်နေတဲ့ နာမည်ကြီး စူပါ မော် ဒယ် တစ်ယောက် ဖြစ်တဲ့ သန္တာလှိုင်ကတော့ သားသမီးတွေအတွက်တော့ တကယ့် ဟီး ရိုး တစ်ယောက်ပါဘဲ ။ သူမမှာ သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး သားလေး ကတော့ သူမနဲ့အတူနေပြီး သမီးလေးကတော့ Sydney မှာ ကျောင်းတက်နေတာဘဲ ဖြစ်ပါတယ် ။ မကြာသေးမီက သူမရဲ့သမီးအလည်မလေးရဲ့ စကားတစ်ခွန်းကို ပရိသတ်တွေ သိအောင် ပြန်လည် မျှဝေပေးခဲ့ပါတယ် ။

သူမရဲ့သမီးလေးက " ခွေးကို မွေပြီး ရောင်းတာ အင်မတန် ရက်စက်တဲ့ အလုပ်ပါတဲ့။ အမေတစ်ယောက်ကို အဲ့လောက်ထိ ဒုက္ခပေး အနာခံခိုင်းပြီး သူ့ရဲ့ သားသမီးတွေကို ကိုယ်သုံးဖို့ ပိုက်ဆံအတွက် ရောင်းချတယ် ဆိုတာ ဘယ်လောက် ရက်စက်တဲ့ အလုပ်လဲလို့ မေးခဲ့ပါတယ် " ဆိုတဲ့စာသားနဲ့အတူ သူမတို့ရဲ့ခွေးလေး ငါးကောင်မွေးနေတဲ့ video တစ်ခုကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့် ပြန်လည်မျှဝေ ပေးခဲ့ ပါတယ် ။ အမေချင်း ကိုယ်ချင်စာတတ်အောင် video လေးတင်ပေးလိုက်တာလို့လဲ သိရပါတယ် ။ ကလေးမွေးဖို့နာလွန်းလို့ အော်တဲ့ သူ့အသံကြားရင် သားအမိနှစ်ယောက်လုံး ရင်ဘတ်ထဲ အသဲကွဲသလိုပဲ ခံစားရပါတယ်တဲ့ ။

အခုလို သူမရဲ့သမီးဖြစ်သူရဲ့ အတွေးလေးကို သဘောကျပြီး ပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့တာပါ ။ လူသားတိုင်း ကိုယ်ချင်းစာတရားထားတတ်ဖို့အတွက် သူမသမီးလေးရဲ့စကားက တကယ်ကို တန်ဖိုးရှိပါတယ် ။ ချစ်တဲ့ပရိသတ်ကြီးအတွက်လည်း ကိုယ်ချင်းစာတရားထားတတ်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Thandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။