နေခြည်ဦးဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း Beauty Blogger တစ်ယောက်ဆိုတာ ပရိသတ် တွေသိပြီးဖြစ်မှာပါ ။ မိန်းကလေး ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကြောင့် အောင်မြင်တဲ့ Beauty blogger တစ်ယောက် အဖြစ်ရပ်တည်လာတဲ့ သူမက အခုဆို သရုပ်ဆောင်လော ကထဲကိုတောင် ရောက်ရှိလာပြီး ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးနေပြီဘဲ ဖြစ်ပါတယ် ။ သူမဟာ Make Me Beautiful အစီစဉ်ရဲ့ဒိုင်တစ်ဦးအဖြစ်လဲ ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ ပွဲပေါင်းများစွာကို ဖိတ်ကြားခံရတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ Beauty blogger တစ်ဦးဖြစ်ပါတယ် ။

သူမဟာ Beauty blogger တစ်ယောက်အဖြစ်အောင်မြင်လာပြီးနောက်ပိုင်း အရမ်းလှလာ တဲ့အတွက် အရင်ကပုံရိပ်တွေနဲ့ သူမကို မကြာခဏ troll နေရသူလည်းဖြစ်ပါတယ် ။ သူမဟာ ဇူလိုင်လ 8ရက်နေ့ကတော့ သူမရဲ့ နှာခေါင်းနဲ့ မျက်လုံးကို ကိုရီးယားထိ သွားရောက် ပြီး Plastic Surgery လုပ်တော့မယ် လို့ မီဒီယာတွေနဲ့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ နှာရိုး နည်းနည်းပေါ်ချင်တာရယ် မျက်ရစ်ဖော်ချင်တာရယ်ကြောင့်ခွဲစိတ်မှုလုပ်ဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်ပြီး အရမ်းကြီးတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူးလို့ သူမက ပြောခဲ့ပါတယ် ။ တခြားအနုပညာရှင်တွေက သူတို့ခွဲစိတ်တာကို ပရိသတ်ကို လျှို့ဝှက်ထားတတ်ပေမယ့် သူမကတော့ ဖုံးကွယ်ထားစရာမရှိလို့ ပွင့်ပွင့်လင်းလင်းအသိပေးတာပါလို့ လည်းပြောခဲ့ပါတယ် ။

သူမမိတ်ကပ်လိမ်းတဲ့နေရာမှာရော pose ပေးတဲ့နေရာမှာပါ အဆင်ပြေအောင် ပြုပြင် ခွဲစိတ်မှာ ဖြစ်ပြီး ပြန်လာရင် သူမရဲ့အတွေ့ကြုံတွေကို ပရိသတ်ကို ပြန်လည်မျှဝေပေး မှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ် ။ သူမ အခုလို သွားရောက် ခွဲစိတ်ရမှာကို အရမ်း စိတ်လှုပ်ရှားနေတယ်လို့လည်း သိရပါတယ် ။ ခြည်ခြည်ကို ချစ်တဲ့ပရိသတ်ကြီး လည်း သူမ ဘယ်လောက်တောင် ပြောင်းလဲသွားမလဲ ဆိုတာကို စိတ်ဝင်စားနေကြမယ်ထင်ပါတယ် ။

Source : Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။