အမေစု ပုဂံကိုရောက်တော့ နိုင်ငံတော်ပိုင် ဧည့်ရိပ်သာတွေ ခရိုနီတွေပိုင်တဲ့ ကောင်းပေ့ဆိုတဲ့ Hotel တွေ ဒီလောက်အများကြီး ရှိနေတဲ့ကြားက Amazing Bagan ဆိုတဲ့ Hotel မှာမှ ဘာလို့ Dinner စားပြီး ညအိပ်ခဲ့သလဲဆိုတာ သိချင်မှ သိကြပါလိမ့်မယ် အမေစု နေအိမ်အကျယ်ချုပ်လွတ်စဉ်က ၂၀၁၁ ခုနှစ်မှာ အမေ့သားငယ် ကိုထိန်လင်း ရောက်လာတော့ပုဂံညောင်ဦးကို ဘုရားဖူးရောက်ခဲ့ကြတယ် အဲ့ဒီ့အချိန်က ပုဂံညောင်ဦးမှာ ဘယ်ဟိုတယ်ကမှအမေစုကို တည်းခိုခွင့်မပေးရဲခဲ့ဘူး။

ဒီလောက်တားဆီးမှုတွေ များနေတဲ့ကြားက Amazing Bagan ဟိုတယ်ပိုင်ရှင်က အာဏာရှင်တွေရဲ့ အငြိုးတွေ အမုန်းတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရင်း သူ့ဟိုတယ်မှာ အမေ့ကို လိုလေသေးမရှိ တည်းခိုခွင့်ပေးခဲ့တယ်။ ခုအမေ အာဏာရပြီးချိန်မှာ အမေသာ လာတည်းမယ်ဆို သူတို့ ဟိုတယ်တွေ နာမည်ရမှာမို့ အလုအယက် ဖိတ်ခေါ်နေတဲ့ ခရိုနီကြီးတွေရဲ့ ရာနဲ့ချီတဲ့ ဟိုတယ် အကောင်းစားတွေကြားက နေ့လည်စာစားချိန်မှာ Amazing Bagan Resort မှာ စားခဲ့ပြီး ညစာကိုတော့ ဒီ Amazing Bagan ဆိုတဲ့ ဟိုတယ်လေးမှာပဲ စားပြီး တညတာ တည်းခိုနေထိုင်ခဲ့ရင်း အိမ်နိမ့်စံဘဝမှာ နေခဲ့ရစဉ်က သူ့အပေါ် မှာ စောင့်ရှောက်တဲ့ ကျေးဇူးတရားကို မမေ့ဘူးဆိုတာသက်သေပြသွားခဲ့တယ်။

ကိုယ်အထက်ကို ရောက်နေပေမယ့်လည်း ကျေးဇူးတရား မမေ့တတ်တဲ့ အမေ့ရဲ့ စိတ်ဓါတ်ကို အမေ့ကိုချစ်တဲ့ အမေ့သားသမီးတွေ အတုယူနိုင်ကြပါစေ သူငယ်ချင်းတို့လဲ ပုဂံရောက်ရင် အမေ့ကို စောင့်ရှောက်ခဲ့တဲ့ Amazing Bagan ဟိုတယ်လေးကို သွားအနားယူကြပါဦး ...

ZN.H

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။