မကွေးတိုင်းဒေသကြီး ၊ပွင့်ဖြူမြို့နယ်၊ကုန်းဇောင်း အ.ထ.က မှ (ဖဋ-၁၅၅)ဂုဏ်ထူးငါးဘာသာ ၊အမှတ်ပေါင်း ၅၁၇မှတ်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့တဲ့ သမီးလေး မေသန္တာလွင်ထွန်း ကတော့ သူမရဲ့ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်လေးနဲ့ ဂုဏ်ထူးထွက်အောင်ကြိုးစားခဲ့သော်လဲ မိဘတွေကလက်လုပ်လက်စားတွေဖြစ်တာကြောင့် သူမရဲ့အိမ်မက်လေးကတော့ ပျက်စီးရတော့မှာပါ။

ယနေ့မှာတော့ သူမရဲ့အိမ်မက်လေးကို အကောင်အထည်ဖော်ပေးတဲ့သိန်း၁၀၀ အလှူရှင်ကတော့ ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။သိန်း၁၀၀ အလှူရှင်ကတော့ ရန်ကုန်မြို့မှာနေထိုင်တဲ့ ဦးအောင်မိုး+ဒေါ်ခင်သက်မြင့် သားမောင်မျိုးသက်အောင်၊ သမီး ချစ်ဂျူလိုင်အောင်မိုး၊ ချစ်သက်လယ်အောင်မိုး မိသားစုလေးပဲဖြစ်ပါတယ်။အခုလိုအလှူရှင်ပေါ်လာတာကြောင့် သူမနဲ့ သူမရဲ့မိသားစုကတော့ ဝမ်းသာလွန်းအားကြီးပြီး မျက်ရည်တွေပါကျခဲ့ပါတယ်။

သူမရဲ့ကိစ္စအရပ်ရပ်ကို ဗိမာန်ရှင် လူမှုရေးနှင့်နာရေးကူညီမှုအသင်း အကုန်စီစဉ်ပေးခဲ့တာဖြစ်ပြီး သူမရဲ့အခုလို အလှူရှင်ပေါ်လာကြောင့် လူတွေအားလုံးက ဝမ်းသာမဆုံးဖြစ်နေကြပါတယ်။အခုတော့ သူမရဲ့ တစ်သက်လုံးမက်ခဲ့ရတဲ့ အိမ်မက်လေးဟာ အခုတော့ သူမရဲ့အိမ်မက်လေးအကောင်အထည်ပေါ်သွားခဲ့ပြီဖြစ်ပါတယ်။သူမရဲ့ဆရာဝန်အိမ်မက်လေးဆက်လက်အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးနေကြပါတယ်။

source: ဗိမာန်ရှင် - လူမှုရေးနှင့်နာရေးကူညီမှုအသင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။