ချဲလ်ဆီးနည်းပြ ကွန်တီက ကော်တွိုက်ကုုိ ရီးရဲလ်မက်ဒရစ် အသင်းသုုိ့ ပြောင်းရွေ့ ခွင့်ပြုသွားမည် ဖြစ်သော်လည်း ရီးရဲလ်မက်ဒရစ် အနေဖြင့် မုုိရာတာကုုိ ချဲလ်ဆီး

အသင်းသုုိ့ ရောင်းပေးမှသာ ထွက်ခွာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းသည် ယခင်က မန်ယူဂုုိးသမား ဒီဂီယာကုုိ ခေါ်ယူရန် နောက်ဆုုံးအဆင့်အထိ သဘောတူညီမှု ရရှိခဲ့သည့် အဆင့်ထိ ရောက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ခဲ့ရပါတယ်။ မန်ယူအသင်းဖြင့် စာချုပ်သက်တမ်း တုုိးမြှင့်သွားခဲ့သည့် ဒီဂီယာအား ခေါ်ယူရေးကုုိ ဆက်လက်ဆောင်ရွက်တော့မည် မဟုုတ်တော့သည့် ရီးရဲလ်မက်ဒရစ်က ကော်တွိုက်ဘက် မြှားဦးလှည့်လာခဲ့ခြင်းဖြစ်ပါတယ်။

ကွန်တီက ကော်တွိုက်ကုုိ အသင်းတွင် နှစ်ရှည်ထိန်းသိမ်း သွားချင်သော်လည်း ကော်တွိုက်ကုုိယ်တုုိင်က ရီးရဲလ်မက်ဒရစ်သုုိ့ ပြောင်းရွေ့ရန် ဆန္ဒ ရှိနေသည့် အတွက် ဆက်လက်ထိန်းသိမ်းရန် ခက်ခဲနေပါတယ်။ ဒါကြောင့် ဇီဒန်းလက်အောက်တွင် ပုံုမှန်နေရာမရဖြစ်နေသော မုုိရာတာကုုိ ခေါ်ယူသွားရန် ဆန္ဒ ရှိနေသည့် ကွန်တီက ကော်တွိုက်ကုုိ အသုံုးချပြီး မုုိရာတာကုုိ ခေါ်ယူရန် ပြင်ဆင်လာခြင်း ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။