မြန်မာ့ရုပ်ရှင်လောကနှင့် သဘင်လောကမှာ နာမည်ရမင်းသားတစ်ယောက်ဖြစ်တဲ့ စွမ်းဇာနည်ကတော့ သဘာဝတရားကြီးရဲ့ အလှစစ်ကိုရှာဖွေခဲ့တာတွေ့ရပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားတစ်ယောက်ဖြစ်တဲ့အပြင် လက်ရှိအနုပညာအလုပ်တွေနဲ့အတူ ခရီးထွက်ခြင်းတွေကို ပိုမိုလုပ်ဆောင်နေသူတစ်ယောက်ဖြစ်ကြောင်း လည်းသိရပါတယ်။  

ဒီကနေ့ ပရိသတ်အချစ်တော်စွမ်းဇာနည်ကတော့ အလန်းစားပုံရိပ်တွေနဲ့အတူ ချစ်ပရိသတ်တွေကို မိတ်ဆက်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်လေးတွေကတော့ စက်လှေစီးရင်းရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေဖြစ်ပြီး အလွင့်စားပုံစံလေးတွေနဲ့အတူ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 

ခက်မိုက်မိုက်ဒီဇိုင်းတွေနဲ့အတူ ရိုက်ကူးခဲ့တဲ့ စွမ်းဇာနည်ရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို အချစ်ပိုစေလောက်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဒီကနေ့ စွမ်းဇာနည်ရဲ့ အလွင့်စားပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - Swan Zarni

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။