ဝိုင်းစုခိုင်သိန်းကို trend myanmar ကနေပြီး အင်တာဗျူးလုပ်တဲ့ထဲက ဝိုင်းစုခိုင်သိန်းရဲ့ ဖြေကြားချက်လေးတွေကိုကောက်နှုတ်ပြီးဖော်ပြလိုက်ပါတယ်။

'အစောကြီးကတည်းက သူနဲ့ဝိုင်းစုကငယ်ရည်းစားတွေပါ။ ဟိုးအရင်ကတည်းကအကြောင်းကြောင်း ကြောင့်လမ်းခွဲပေးလိုက်ရတာပဲရှိတယ်။ အခုချိန်မှာသူရော၊ ၀ိုင်းစုရော ဘာမှအနှောင်အဖွဲ့မရှိတော့ဘူးဆိုတော့ ပြန်လက်တွဲတယ်။ ဒါပါပဲ။ ဘာမှထူးထူးဆန်းဆန်းထွေထွေထူးထူးမရှိပါဘူး။ ပြောရမယ်ဆိုရင် Celebrity ဆိုတော့ အားလုံးက ကရုဏာ ဒေါသောနဲ့ပြောတာပေါ့။ မဖြစ်စေချင်ကြဘူး။။ အိမ်ထောင်မကွဲစေချင်ကြဘူး။

ဒါပေမဲ့ အဆင်မပြေတဲ့ အရာတစ်ခုကိုတော့ ၀ိုင်းစုလဲဆက်မသွားချင်ဘူး။ အဲ့ဒါကြောင့်ရပ်တန်းကရပ်လိုက်တယ်။ ရှေ့တံခါးတစ်ချပ်ကို ပိတ်ပြီးမှ နောက်တံခါးတစ်ချက်ကိုဖွင့်တာပါ။ ၀ိုင်းစုပေါက်တတ်ကရလုပ်တာလဲမဟုတ်ဘူး။ အဲ့ဒီတော့ တဖြည်းဖြည်းချင်းနားလည်လာမှာပါ။ နောက်ပြီးတော့ အိမ်ထောင်ကွဲတယ်ဆိုတာကလဲ ၀ိုင်းစုမှစဖြစ်တာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာဖြစ်နေကြတာပဲ။ အိမ်ထောင်ကွဲပြီးရင်နောက်ထပ်လက်တွဲဖော်ရှာတာလဲ ၀ိုင်းစုမှပထမဦးဆုံးမဟုတ်ဘူး။

ဒါပေမဲ့ Celebrity ဖြစ်နေတဲ့အတွက်ထူးဆန်းပြီးပြောကြတာပေါ့။ ပြောကြတယ်ဆိုတာကလဲ ခဏတာအတွက်ပေါ့။ ခဏတာအတွက်ကတော့ အဓိကက သူတို့က ဒီလိုမဖြစ်စေချင်လို့ပြောကြတာ ပိုများတယ်။ အဲ့ဒီအတွက်လဲ နားလည်တယ်။ ၀ိုင်းစုကတော့ ၀ိုင်းစုရွေးချယ်ထားတဲ့သူနဲ့ဘဝတစ်သက်တာလုံး သာသာယာယာလက်တွဲသွားမယ်။ ၀ိုင်းစုတို့အလုပ်တွေအတူတူကြိုးစားပြီးလုပ်ကြမယ်။ 

အဲ့ဒီအပေါ်မှာတဖြည်းဖြည်းချင်းပရိသတ်တွေနားလည်လာမယ်။ အခုကတော့ Page တွေကဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ လျှောက်ရေးတဲ့အပေါ်မှာယုံပြီးတော့ဖြစ်နေကြတာပေါ့။ အဲ့ဒီအပေါ်မှာဘာသက်သေအထောက်အထားမှလဲမရှိဘူးလေ။ သူတို့ပြောတဲ့အပေါ်မှာ ယုံတဲ့သူတွေကလဲယုံမှာပဲ။ အဲ့ဒီအပေါ်မှာ ၀ိုင်းစုလိုက်ပြီးဖြေရှင်းနေရင်ဖြေရှင်းလေ၊ ပိုဆိုးလေ၊ ဖြေရှင်းလေပိုရေးလေဖြစ်နေလိမ့်မယ်။ သူတို့အတွက်သတင်းဖန်တီးပေးသလိုဖြစ်နေတာပေါ့။

တက်တူးနဲ့ပတ်သက်ပြီး သူများနာမည်ကို အစ်မခန္ဓာကိုယ်ပေါ်မှာ ထိုးမယ်လို့ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ဘူး။ ရည်ရွယ်ချက်လဲလုံးဝမရှိဘူး။ ဒါပေမဲ့ အစ်မတကယ်ချစ်လို့ တက်တူးကို အစ်မခန္ဓာကိုယ်ပေါ်မှာထိုးတာပါ။ မချစ်ရင်လုံးဝထိုးမှာမဟုတ်ပါဘူး။ အစ်မရည်ရွယ်ထားတာကအစ်မကလေးမွေးလာရင်အဲ့ဒီကလေးနာမည်ကိုတက်တူးထိုးမယ်လို့ရည်ရွယ်ထားဖူးတယ်။ ဒါပေမဲ့ ကိုယ့်ကလေးကိုယ့်သွေးသား မဟုတ်ပဲနဲ့ကိုယ့်ခန္ဓာကိုယ်ပေါ်မှာထိုးဖို့ဆိုတာ တော်ရုံနဲ့တော့မရဘူး။ အဲ့ဒီတော့ ဒီဟာကဝိုင်းစုတို့poppin လုပ်နေတာလဲမဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက်တကယ်ချစ်လို့ကို အစ်မနာမည်ကိုသူထိုးတယ်။ သူ့နာမည်ကို အစ်မထိုးတယ်။ ဒါပါပဲ။

Source : trendmyanmar

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။