အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်မှုး ဖာနန်ဒိုတောရက်စ်ဟာ ဂျေလိဂ်ကလပ် အသင်းဖြစ်တဲ့ ဆာဂန်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းနဲ့ စာချူပ်သက်တမ်းကုန်ဆုံးခဲ့တာကြောင့် ဆာဂန်အသင်းဟာ ဖာနန်ဒိုတောရက်စ်ကို အလွတ်ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

တောရက်က အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး " ကျွန်တော့်ရဲ့ ကလပ်အသင်းအသစ်ကတော့ ဆာဂန်အသင်းပဲဖစ်ပါတယ်။ပြင်သစ်ကလပ်အသင်းတစ်ချို့နဲ့ ဂျာမနီကလပ်အသင်း တစ်ချို့က ကျွန်တော့်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဒီအသင်းကိုသာ ရွေးချယ်ခဲ့တာပါ။မတူညီတဲ့နေရာတစ်ခုမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားချင်ပါတယ်" လို့ ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။ 

တောရက်စ်ဟာ အက်သလက်တီကို၊ လီဗာပူလ်း၊ ချဲလ်ဆီး စတဲ့အသင်းကြီးတွေမှာ ကစားခဲ့ဘူးတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။တောရက်စ်ဟာ ဆာဂန်အသင်းမှာလည်း ကျောနံပါတ် ၉ ကိုသာ ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။တောရက်စ်ဟာ အသက် ၃၄ နှစ်အရွယ်ရှိပြီလည်းဖြစ်ပါတယ်။

Source : Sky Sports 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။