ဆုလှိုင်ဝင်းကတော့ Cover Dance Video လေးတွေကို Facebook မှာတင်ရာမှတစ်ဆင့် လူသိများလာခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ကိုရီးယားမလေးတွေလို ဖြူဖွေးတဲ့ အသားအရေနဲ့ လှပတဲ့မျက်နှာလေးကြောင့် အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ သူမက ငယ်ရွယ်ပြီးချစ်စရာကောင်းသလို သူမက ယောက်ျားလေးတွေ ရူးလောက်အောင်လှသူလေးလည်း ဖြစ်ပါတယ်။

သူမက STI University Myanmar မှာ ပညာသင်ကြားနေတဲ့ကျောင်းသူလေးဖြစ်ပြီး ကျောင်းဝတ်စုံလေးနဲ့ပုံလေးတွေကလည်း အားလုံးရင်ကို ထိမိစေလောက်အောင် လှပပါတယ်။ သူမရဲ့ ငါးရံ့ကိုယ်လုံးလေးလိုလှပတဲ့ ခန္ဓာကိုယ်ကလည်းကြောင့်မြင်သူအဖို့ ရင်ဖိုလှိုက်မောစရာကောင်းတဲ့ Body ပိုင်ရှင် ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးနဲ့ လမ်းလျှောက်တဲ့Videoလေးကလည်း တကယ်ကို ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားခဲ့ပါတယ်။

Dancerအဖြစ် စတင်ခဲ့တဲ့ သူမက အခုဆိုရင် ကြော်ငြာတွေပါ ရိုက်ကူးလာရပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ အခုလည်း အရမ်းအသည်းယားပြီး ချစ်စရာကောင်းတဲ့ သူမရဲ့အက Video လေးတစ်ခုကို တင်ထားပါတယ်။ ကိုရီးယားသီချင်းလေးနဲ့ အတူ ကိုရီးယားကျေင်းသူလေးတစ်ယောက်လို ကထားပုံလေးက ကြည့်ရှုသူအဖို့ ရင်ဖိုလှိုက်မောစေမှာ အမှန်ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီး ရင်ခုန်စေဖို့အတွက် ဆူလှိုင်ဝင်းရဲ့ အသည်းယားစရာ Video လေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Source: Su Hlaing Win;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။