အန်ကယ်လေးတို့မိသားစု ကတော့ စံပါဘဲ ။ အနုပညာအလုပ်တွေကိုလုပ်ရင်း မိသားစုရဲ့ ကြည်နူးစရာလေးတွေကို ထပ်မံမျှဝေလိုက်ပြန်ပါတယ်.။

အခုတစ်ခေါက် လူမှုကွန်ယက်တွေပေါ်မှာ ပညာပေးအစီအစဉ်တစ်ခုကို ရိုက်ကူးရင်း နဲ့ ပြုံးပျော်နေခဲ့တဲ့ မိသားစုပုံရိပ်လေးတွေကို ပရိသတ်တွေင်္ဆအရောက်မျှဝေခဲ့တာလည်းဖြစ်ပါတယ်။

လူမင်းတို့မိသားစု ဟာ လူစုံတက်စုံနဲ့ "ကမ္ဘာ့အသည်းရောင်ရောဂါနေ့" အထိမ်းအမှတ် ကာကွယ်ရေးပညာပေးဇာတ်လမ်းတိုရိုက်ကူးရေးမှာ ပါဝင်သရုပ်ဆောင်ပေးနေခဲ့တာပါ။ အဖြူရောင်လေးတွေနဲ့ထင်းခနဲလင်းခနဲ ချစ်စရာကောင်းနေကြတာကတော့ တစ်မိသားစုလုံးပါဘဲ

Make up-May Oo(Magic)ရဲ့ လက်ရာလေးတွေနဲ့ မေမေခင်စပ္ပာယ်ဦးတစ်ယောက်လည်းအလှကြီးလှနေပြန်ပါတယ်။Photo-Min Zar Ni Zaw က ဒီလိုအလှပဆုံးဖြစ်အောင်ရိုက်ကူးပေးထားပါတယ်။

အသည်းရောင်ရောဂါဟာ ကူးစက်လွယ်ပြီး လူတိုင်း ကို အသက်သေဆုံးတဲ့အထိ ဒုက္ခပေးနိုင်ပြီး HIV/ AIDS ထက် ကူးစက်နိုင်ခြေပိုမို မြင့်မားပါတယ်။မိသားစု လိုက်တစုတစ်ဝေးတည်း အခုလိုတွေ့ရတာကတော့ကြည်နူးစရာကောင်းလှပါတယ်။ပရိသတ်ကြီးရေ ရှိုးမိုက်မိုက် နဲ့ ရူပဒါန ကုသိုလ်ပြုခဲ့ကြတဲ့ အန်ကယ်လေးတို့ မိသားစုရဲ့ ကြည်နူးစရာလေးတွေကို မျှဝေပေးပါဦးနော်။

Source - Ayarwady Lumin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။