ပိုးမမှီသာကတော့ စိုင်းစိုင်းရဲ့ တက္ကသိုလ်ပေါင်းစုံ Queen ရွေးချယ်ပွဲကနေ အရွေးခံရပြီး အနုပညာလောကထဲ ကိုရောက်ရှိလာတဲ့ ဆရာဝန်မချောချောလေးဘဲ ဖြစ်ပါတယ် ။ စိုင်းစိုင်း ရဲ့ သိင်္ဂရသီချင်းတစ်ပုဒ် လို့ အမည်ရတဲ့ music MTV မှာ သရုပ်ဆောင်ခဲ့ရ တာကနေ ပရိ သတ်အားပေးလက်ခံမှု အခိုင်အမာရရှိခဲ့တဲ့ သူဘဲ ဖြစ်ပါတယ် ။ လက်ရှိ မှာတော့ သူ မ ဟာ ဆေးခန်းတစ်ဖက်နဲ့ အနုပညာလှုပ်ရှားမှုတွေလည်း တွဲ ဖက် လုပ်ကိုင်နေ တယ် လို့သိရပါတယ် ။

သူမရဲ့ မိန်းမဆန်ပြီး အိန္ဒြေကြီးတဲ့ ပုံရိပ်လေးက ပရိသတ်ရင်ကို အေးမြစေပါတယ် ။ အမြဲတမ်း မြန်မြန်ဆန်ဆန် အဝတ်စားလေးတွေကို ဝတ်ဆင်ရတာ သဘောကျတဲ့သူမက စိန်နန်းတော် ပွဲမှာ မြန်မာထိုင်မသိမ်းလေးနဲ့ အရမ်းကိုလှပနေခဲ့တာပါ ။ သူမရဲ့အလှက နန်းဆန်လွန်းလို့ ရှေးခေတ် တော်ဝင်မိဖုရားတစ်ပါးရဲ့ အလှနဲ့တောင် တင်စားရမလိုပါဘဲ ။ အေးချမ်းတဲ့ အပြုံးချိုချို လေးနဲ့ ဖြူစင်တဲ့သူမရဲ့ပုံရိပ်လေးတွေက ပရိသတ်ကို အချစ်ပိုစေတာဖြစ်ပါတယ် ။

သူမဟာ မြန်မာဆန်ဆန် အဝတ်စားလေးတွေနဲ့အရမ်းလိုက်ဖက်သလို သူမ ကိုယ်တိုင်ကလည်းမြန်မာဝတ်စုံလေးတွေ ဝတ်ရတာအရမ်းနှ်စ်သက်ပါတယ်လို့ ပြောလာတဲ့ မြန်မာဆန်သူ လေး ပိုးမမှီသာကို အားပေးလိုက်ကြပါဦးနော် ။

Source : Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။