လူငယ်ကြိုက် မြူးမြူးကြွကြွ သီချင်းလေးတွေနဲ့ ပရိသတ်တွေကြား ရေပန်းစားလာတဲ့သူလေးကတော့ ပရိသတ်အချစ်တော် အဆိုတော်မလေး ဆိုဖီယာပဲ ဖြစ်ပါတယ်။သူမကတော့ သာမာန်ထက်ထူးခြားတဲ့ စူးရှတဲ့ အသံပိုင်ရှင်လေးဖြစ်ပြီး အနောက်တိုင်းဆန်ဆန် ဆွဲဆောင်မှုရှိတဲ့မျက်နှာလေး ကြောင့် ပုရိသကောင်လေးတွေ ပစ်မှတ်ထားကြွေနေရတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာလည်း ပရိသတ်တွေအားလုံးစောင့်မျှော်နေတဲ့ သီချင်းအသစ်လေးကိုလည်း သူမရဲ့လူမှုကွန်ယက်ကနေ မျှဝေလိုက်ပြန်ပါတယ်။ 

ဒီတစ်ခေါက်သူမရဲ့သီချင်းလေးကတော့လူငယ်ဆန်ဆန်နဲ့ ခုန်ပေါက်ကခုန်ရတာနှစ်သက်တဲ့ ဆယ်ကျော်သက်လူငယ်တွေ ပိုပြီးအကြိုက်တွေ့စေမယ့် သီချင်းလေးပဲ ဖြစ်ပါတယ်။သီချင်းနာမည်လေးကတော့ " ICE '' လို့အမည်ရပြီး အရမ်းကိုထူးခြားမြောက်ကြွတဲ့ သံစဉ်Beat တွေနဲ့ မြူးမြူးကြွကြွ သီချင်းလေးပဲ ဖြစ်ပါတယ်။ဒီသီချင်းလေးမှာတော့ ပရိသတ်တွေကြွေရတဲ့ ဆိုဖီယာရဲ့ သီဆိုသံလေးတွေအပြင် အမိုက်စား ကကွက် တွေကိုပါ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ 

သူမကတော့ မကြာခဏဆိုသလို သီချင်းအသစ်လေးတွေထွက်လေ့ရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းကထွက်ခဲ့တဲ့ "ရွံစရာကြီးလို့အမည်ရတဲ့"သီချင်းလေး ဟာလည်း ပရိသတ်တွေအရမ်းကိုသဘောကျခဲ့ကြတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာအသစ်ထပ်ထွက်လာတဲ့ ICE သီချင်းလေးကလည်း တကယ့်ကို အလန်းစားဖြစ်ခဲ့တာအပြင် ခပ်မိုက်မိုက်ကကွက်တွေကြောင့် ပရိသတ်တွေအရမ်းကိုသဘောကျစေခဲ့တာပဲ ဖြစ်ပါတယ်။Myanmarload ပရိသတ်ကြီး အတွက်လည်း ဆိုဖီယာရဲ့ ICE သီချင်း MTVလေးကိုလည်း ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ဆိုဖီယာ 

Vedio - FG Entertainment 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။