ပြီးခဲ့တဲ့ရက်ပိုင်းလောက်က Beauty Blogger နေခြည်ဦးတစ်ယောက် ကိုရီးယားနိုင်ငံကို နှာခေါင်းနဲ့ မျက်လုံးခွဲစိတ်ပြုပြင်ဖို့အတွက် သွားရောက်ခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ နှာတံ ချွန်ဖို့နဲ့ မျက်လုံးကို Double eyelid ဖော်ဖို့အတွက် သွားရောက်ခွဲစိတ်တာပဲဖြစ်ပါတယ်။ နဂိုကတည်းက လှပြီးသား သူမရဲ့ မျက်နှာလေးဟာ ပိုမိုလှပအောင်ပြုပြင်ပြီးနောက်ပိုင်း ဘယ်လိုပြောင်းလဲသွားမလည်း ဆိုတာတော့ ရင်ခုန်ချင်စရာပါပဲ။

ခွဲစိတ်ပြီးနောက်ပိုင်းမှာတော့ သူမရဲ့မျက်နှာထက်မှာ ပတ်တီးရာတွေနဲ့အတူ သူမအဆင် ပြေတယ်ဆို တဲ့ ပုံစံလေးကို သူမရဲ့ပရိသတ်တွေကို သိစေလိုတဲ့ဆန္ဒနဲ့ ပုံလေးတွေတင်ပေး ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုပုံရိပ်လေးတွေမှာ ပရိသတ်တွေသတိထားမိသွားတဲ့အချက်တစ်ခု ကတော့ သူမရဲ့ ညာဖက် နားရွက်ဟာ ပတ်တီးနဲ့ဖြစ်နေတာကိုပါပဲ။ သူမဟာ နားခွဲစိတ်မှုပါ ထပ်လုပ်သလားဆိုတဲ့ သို့လော သို့လော မှတ်ချက်လေးတွေလည်း ပေါ်လာခဲ့ပါတယ်။

သို့ပေမယ့် တကယ်တမ်းမှာတော့ နှာခေါင်းခွဲစိတ်မှုပြုလုပ်တဲ့သူတိုင်းဟာ နားမှာရှိတဲ့ အရွတ်တွေကို ယူပြီး အစားထိုးခွဲစိတ်ခဲ့ရတာမို့ နားကိုလည်း ပတ်တီးစည်းထားရတာ ဖြစ်ပါ တယ်။ ချီချီတစ်ယောက် နှာတံချွန်ချွန်မြင့်မြင့်လေးနဲ့ ဘယ်လိုတွေလှသွားမလည်း ဆိုတာ တော့ ခွဲစိတ်ဒဏ်ရာတွေသက်သာပြီး ချုပ်ရိုးဖြေတဲ့နေ့မှာ ပရိသတ်တွေစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ နဂိုကတည်းကလှတဲ့သူဖြစ်လို့ နောက်ထပ်လှအောင်ပြင်တဲ့အခါ ပြိုင်စံရှား တဲ့အလှနတ်သမီးလေးဖြစ်သွားမယ်ဆိုတာတော့ အသေအချာပါပဲ။

Photo - Beautybynaychi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။