ပရိတ်သတ်ကြီးရေ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေအသဲစွဲ နာမည်ကြီးအဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကို ပရိတ်ကြီးအရမ်းချစ်မယ်ထင်ပါတယ်။စိုင်းစိုင်းဟာ အမြဲတမ်းအသစ်ဆန်းတွေ အမိုက်စားတွေနဲ့ သူရဲ့ပရိသတ်ကြီးကိုအမြဲ suprise လုပ်ဖျော်ဖြေတက်သူလည်းဖြစ်ပါတယ်။သူရဲ့ ပွဲတိုင်းကလည်း အမြဲလို ပရိသတ်တွေအပြည့်အလျှံပါပဲ။စိုင်းစိုင်းရဲ့မိန်းကလေးပရိတ်သတ် အများစုက စိုင်းစိုင်းကိုတော့ အမြဲ သဲသဲလှုပ်အားပေးကြတာတွေ့ရပါတယ်။

သူရဲ့ အမာခံပရိတ်သတ်တွေကလည်း ဟိုအရင်ချိန်တစ်ခေတ်တစ်ခါထဲက အားပေးလာကြတာ ယနေ့ထိ သူအပေါ်အချစ်တွေလျော့မသွားပဲ ပိုပိုတိုး ချစ်လာအားပေးလိုက်ကြတာ စိုင်းစိုင်းရဲ့ အောင်မြင်မှု လျိုဝှက်ချက်လေးပါပဲ။နာမည်ကြီးအဆိုတစ်ယောက်အဖြစ် အောင်မြင်ရုံသာမကပဲ စီပွားရေးပိုင်းမှာလည်း အောင်မြင်နေသူလည်းဖြစ်ပါတယ်။

စိုင်းစိုင်းဟာ လတ်တလောမှာတော့ ရတနာပုံတက္ကသိုလ်မှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ ပရိသတ်တွေနဲ့အမှတ်တရပုံရိပ်အချို့ကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် တင်ထားခဲ့ပါတယ်။ပရိတ်သတ်တွေကလည်း ပျော်ပျော်ပါးပါးအားပေနေတာ တွေ့ရပြီး သူတို့ရဲ့ အပေးယူမျှနေတဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးများကို မျှဝေပေးလိုက်ပါတယ်။ဘယ်ချိန်ကြည့် အမြဲနုပျိုနေတဲ့ စိုင်းရေ ဒီထက်မကအောင်မြင်မူကိုပိုင်ဆိုင်ပါစေနော်။

Source:Sai Sai Kham Leng

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။