သရုပ်ဆောင်မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ စကးပြောသံလေးက အေးအေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့သူလေး ဖြစ်ပါတယ်။ ပြုံးလိုက်တဲ့မြင်သူအဖို့ အေးချမ်းသွားစေလောက်အောင်လှတဲ့ သူလေးဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ကောင်းတာကြောင့်လည်း ခေါင်းဆောင်မင်းသမီးအဖြစ် ခဏလေးအတွင်းမှာတင် အောင်မြင်လာသူ ဖြစ်ပါတယ်။

ကြွေရုပ်လေးတစ်ရုပ်ပမာ မထိရက်စရာကောင်းလောက်အောင်လှတဲ့သူမက ကိုရီးယားမင်းသမီးလို အသားအရေလေးနဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပါတယ်။ ဗီဒီယို ဇာတ်ကားတွေများစွာရိုက်ကူးခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်ကားကြီးတွေ ပိုရိုက်လာတာတွေ့ရပါတယ်။ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို များစွာပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကြော်ငြာ၊ မဂ္ဂဇင်းတွေလည်းများစွာ ရိုက်ကူးခဲ့ရှိပါတယ်။ သူမက အားလပ်ရက်ကို အချစ်တော်ခွေးလေးတွေကိုထိန်းရင်းနဲ့ ဖြတ်သန်းလေ့ရှိတာတွေ့ရပါတယ်။

Press Showပွဲတွေတက်ရောက်တဲ့အခါမှာလည်း အရင်ကထက် လှသထက်လှလာတာတွေ့ရပါတယ်။ လတ်တလောမှာလည်း သူမက စိန်နန်းတော်အတွက် ကြော်ငြာကို မင်းသားပိုင်တံခွန်နဲ့ အတူ ရိုက်ကူးခဲ့ပါတယ်။ အခုလည်း အနက်ရောင်ဝတ်စုံလေးနဲ့ မိုးကျရွှေကိုယ်လေးတစ်ဦးလို အလှတွေထင်ပေါ်နေတဲ့ သူမရဲ့ပုံတွေကို တင်ထားတာတွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်ကြီး ရှုစားဖို့အတွက် တစ်နေ့တစ်ခြားပိုလှလာတဲ့ စံရတီမိုးမြင့်ရဲ့ပုံလေးတွေကို ဖော်ပြလိုက်ပါတယ်။

Source: San Yati Moe Myint;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။