ပရိသတ်တွေကြား ရေပန်းစားနာမည်ကြီးနေတဲ့ သူတွေထဲမှာ သရုပ်ဆောင်မင်းသားချော ဥက္ကာမင်းမောင်တစ်ယောက်ကို အားလုံးသိမယ်ထင်ပါတယ်။ လက်တလော လူမှုရေးပြဿနာလေးတွေရှိခဲ့ပေမယ့် အားပေးဖော်သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကြောင့် ပြန်လည်နိုးထနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဥက္ကာမင်းမောင်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်အတွက် ဒီကနေ့ ကျရောက်ခဲ့တဲ့ဖခင်ဖြစ်သူမွေးနေ့လေးမှာ ရည်စူးပြီးအလှူပြုလုပ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ အလှူကို ဥက္ကာမင်းမောင်နှင့်အတူ ညီမဖြစ်သူကပါ ပါဝင်ကူညီခဲ့ပြီး ဖခင်ဖြစ်သူသာဓုခေါ်ဆိုနိုင်ရန်အမျှပေးဝေခဲ့တာတွေ့ရပါတယ်။  

အဆိုပါ အလှူနှင့်ပတ်သက်ပြီး ဥက္ကာမင်းမောင်ရဲ့ လူမှုစာမျက်နှာပေါ်တွင် "ကွယ်လွန်သူဖခင်ကြီး အားရည်စူးပြီး July 9 ရက်နေ့တွင်ကျရောက်သော မွေးနေ့အတွက် New York မြို့ရှိ သုံးပါးကျောင်းမှာ ကိုယ်တိုင်ချက်သော ကြက်ဆီထမင်း နဲ့ တခြားအလှူဒါန များဖြင့် ညီမလေးနဲ့ အတူ လှူဒါန်းအမျှဝေခဲ့ပါတယ်.. ဖေကြီး ကောင်းရာဘုံဘဝက သာဓုခေါ်ဆိုနိုင်ပါစေ.. ဖေကြီး အေးချမ်းပါစေ.."ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ လေးစားစရာစိတ်ဓာတ်လေးနဲ့ အဝေးရောက်ဖခင်ရဲ့ မွေးနေ့ကို ရည်စူးလှူဒါန်းခဲ့တဲ့ ဥက္ကာမင်းမောင်ရဲ့ ကြည်နူးစရာလှူလေးကို ချစ်ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ရန် မျှဝေပေးလိုက်ပါတယ်။

Photos - Ye Htoo Win 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။