အနုပညာလောကထဲမှာဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေများစွာရှိကြပါတယ်။

ထိုသူတွေများစွာထဲမှာမှ နန်းသူဇာ နဲ့ နန်းမြတ်ဖြိုးသင်း ဟာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့ အခင်ဆုံးသူငယ်ချင်းတွေပဲဖြစ်ပါတယ်။ 

သူတို့နှစ်ဦးဟာ အပြင်လောကမှာလည်း အရမ်းခင်ကြသလို အနုပညာအလုပ်တွေလုပ်ရာမှာဆိုရင်လည်း နှစ်ယောက်အတူတူ လက်တွဲပြီးပြုလုပ်ကြတဲ့ သူငယ်ချင်းနှစ်ဦးပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ သူငယ်ချင်းသံယောဇဉ်ဟာ ဘယ်လောက်လေးနက်သလဲဆိုတာကတော့ သူတို့နှစ်ဦးပေါင်းကာ ထွက်ရှိထားတဲ့ Friend ဆိုတဲ့ တေးအယ်ဘန်လေးက သက်သေပါပဲ။

လတ်တလောမှာဆိုရင်လည်း နန်းမြတ်ဖြိုးသင်းဟာ ချစ်သူငယ်ချင်းနဲ့အတူ ရရှိခဲ့တဲ့ ကြည်နူးပျော်ရွှင်စရာ အခိုက်အတန့်လေးတစ်ခုကို လူမှုကွန်ယက်ပေါ်မှာဖြန့်ဝေလာခဲ့ပါတယ်။  

သာသနာ့ဘောင်ကို အတူတူဝင်ရောက်ပြီး ပြန်ထွက်လာချိန်မှာ တကယ့်ကို သူတို့နဲ့လိုက်ဖက်လှတဲ့ ဆံပင်တုလေးတွေနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ကောင်မလေးတွေအဖြစ် ပရိသတ်တွေမြင်တွေ့နေရတာပဲဖြစ်ပါတယ်။

ယခုမြင်တွေ့နေရတဲ့ ပုံရိပ်လေးတွေထဲမှာဆိုရင်လည်း သူတို့နှစ်ဦးရဲ့ သူငယ်ချင်းသံယောဇဉ်အပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေက တကယ့်ကိုမြင့်တွေ့ရတာနဲ့ အေးချမ်းစေလောက်ပါတယ်။

ပရိသတ်တွေရော အခုလိုစိတ်တူကိုယ်တူ ဝါသနာတူ သူငယ်ချင်းမျိုးလေး မပိုင်ဆိုင်ချင်ကြဘူးလား။ 

source - Nan Thuzar & Nan Myat Phyo Thin

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။