နာမည်ကျော်သရုပ်ဆောင် မင်းသမီးချောတစ်ဦးဖြစ်တဲ့ စမိုင်းလ်တစ်ယောက်ကတော့ လတ်တလောမှာ ခရီးတွေပဲ ဆက်တိုက်ထွက်ရှိနေတာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်နေ့ကတည်းက မိသားစုနဲ့အတူ ဥရောပဘက်ကိုခရီးထွက်နေတာဖြစ်ပြီး လတ်တလောမှာတော့ စပိန်နိုင်ငံကို ရောက်ရှိနေတယ်လို့ သိရပါတယ်..။

ဥရောပတိုက်အနောက်တောင်ဘက် အစွန်းမှာတည်ရှိသော စပိန်နိုင်ငံရဲ့ မဒရစ်မြို့ကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး ခရီးသွားရင်း အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

ဓာတ်ဖမ်းခဲ့တဲ့ဓာတ်ပုံလေးတွေထဲမှာလည်း မဒရစ်မြို့ရဲ့ လည်ပတ်စရာ သဘာဝရှုခင်းအလှတရားတွေနဲ့အတူ အနီရောင်မြန်မာဝတ်စုံလေးနဲ့ ပုသိမ်ထီးလေးကိုလည်း တယုတယ အမြတ်တနိုးဝတ်ဆင်ထားတာမို့ မြန်မာမှုကို ပေါ်လွင်စေတာလည်း တွေ့ရပါတယ်..။

မင်းသမီးချောစမိုင်းလ်တစ်ယောက်ကတော့ ရဲရင့်မှုကိုကိုယ်စားပြုတဲ့ အနီရောင်မြန်မာဝတ်စုံလေးနဲ့ မဟာဆန်ဆန် ကျက်သရေရှိရှိလှနေတဲ့ သူမရဲ့အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ အလှပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို သဘောကျအချစ်ပိုစေပြန်ပါတယ်နော်..။

အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ စမိုင်းလ်ကတော့ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာမို့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီတစ်ဦးလည်း ဖြစ်ပါတယ်..။

Photo - စမိုင်းလ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။