မာလကာသီးမှာ ဗီတာမင်စီ၊ ဗီတာမင်အေ၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ကယ်လ်စီယမ်တို့ ပါဝင်ပါတယ်။ မာလကာသီး က လေပွခြင်းကို သက်သာစေပြီး အစာကြေလွယ်စေ၊ အရောင်ကျစေတဲ့ အပြင် ပိုးမွှားတွေကိုလည်း သေစေနိုင်ပါတယ်။ ဒါ့အပြင် မာလကာသီးကို အလှအပ ရေးရာ အတွက်လည်း အသုံးပြုကြပါတယ်။ မာလကာသီးရဲ့ အဆီအနှစ်က အသားအရေကို ချောမွေ့စေပြီး ဝက်ခြံ နှင့် အမဲစက်များကို သိသိသာသာ ပျောက်ကင်း သက်သာစေပါတယ်။

မာလကာသီးက ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးတွေ ရနိုင်လဲ ဆိုတာကို တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) အစာချေဖျက်မှုကို အထောက်အကူပြုခြင်း

မာလကာသီးက ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အချဉ်ပေါက်ခြင်းတို့လို အစာချေဖျက်မှုဆိုင်ရာပြဿနာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။

(၂) သွေးတိုးကိုကျစေခြင်း

မာလကာမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ သွေးဖိအားကို ကျစေနိုင်ပါတယ်။

(၃) နှလုံး ကျန်းမာရေး ကောင်းမွန်စေခြင်း

မာလကာသီးအစေ့က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ bio-active ဒြပ်ပေါင်းတွေ ကြွယ်ဝတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်ပါတယ်။

(၄) ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း

မာလကာစေ့ရဲ့အကျိုးကျေးဇူးကတော့ ဝမ်းချုပ်နေတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ အစေ့မှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အူတွင်းလှုပ်ရှားမှုကိုကောင်းစေပါတယ်။

(၅) ကိုလက်စထရော ထိန်းချုပ်မှု

မာလကာစေ့ဟာ polyunsaturated fatty acids တွေကြောင့် သွေးတွင်းကိုလက်စထရောကို ထိန်းချုပ်မှုမှာ အထောက်အကူပေးပါတယ်။ မာလကာသီးကို ခဏလေးနဲ့ ဗိုက်ပြည့်တင်းစေတာကြောင့် ကိုယ်အလေးချိန် ထိန်းသူများ အနေနဲ့ မာလကာသီးကို စားသုံးဖို့ သင့်တော်ပါတယ်။

မာလကာသီးရဲ့ ကောင်းကျိုးများကို သိရှိပြီးနောက် ကျန်းမာရေးအတွက် အကျိုးရှိစွာ စားသုံးကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ သို့သော် မာလကာစေ့တွေကို ကျောက်ကပ်မှာ ကပ်မနေဖို့တော့ သတိထားသင့်ပါတယ်။ မာလကာသီးထဲမှာ အစေ့သေးသေးလေးတွေ အများကြီးပါပေမယ့် အစာချေဖျက်နိုင်မှာ မဟုတ်တာကြောင့် စားလို့မရဘဲ စွန့်ပစ်နေရပါတယ်။ မာလကာစေ့ကို ဒီအတိုင်းတော့ အသီးနဲ့အတူ ရောစားလို့ မသင့်တော်ပါဘူး။ အူအတက်ပေါက်မှာ စိုးရိမ်ရတာကြောင့် မာလကာစေ့ကို မစားရဲရင် ဖျော်ရည်မှာလိုမျိုး အသီးနဲ့အစေ့ကို ရောကြိတ်ပြီးစားနိုင်ပါတယ်။

တန်ဆေးလွန်ဘေးမို့ မာလကာသီး စားသုံးတဲ့အခါ ဆောင်ရန် ရှောင်ရန်လေးတွေကိုတော့ မမေ့ကြနဲ့နော်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သာယာပျော်ရွှင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။