မန်ကျည်းသီးကို အမှည့်ရော၊ အစိမ်းပါ စားသုံးလေ့ ရှိကြပါတယ်။ များသောအားဖြင့်တော့ မန်ကျည်းသီး စိမ်းကို ငပိချက် အနေနဲ့သာ ချက်ပြုတ်လေ့ ရှိကြပြီး မန်ကျည်းသီးမှည့်ကိုတော့ ဟင်းတွေမှာလည်း ထည့်ပြီး ချက်ပြုတ် စားသုံးကြသလို ဖျော်ရည် အနေနဲ့ရော ချိုချဉ် အနေနဲ့ရော အသုံးပြုလေ့ ရှိကြပါတယ်။ မန်ကျည်သီးကို စားသုံးတဲ့အခါမှာ အရသာ ရှိသလို မန်ကျည်းသီးမှာ ဗီတာမင် စီ၊ဗီတာမင် အေနဲ့အခြား ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက်လည်း များစွာ အသုံးဝင်ပုံကို ဖော်ပြပေးလိုက်ပါတယ်။

မန်ကျည်းသီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကတော့ -

(၁) အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း

(၂) သွေးလည်ပတ်မှုကောင်းမွန်စေခြင်း

(၃) အာရုံကြောများအတွက် တိုးတက်စေခြင်း

(၄) ဆီးချိုထိန်းညှိရာမှာ အထောက်အကူပြုနိုင်ခြင်း

(၅) ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးခြင်း

(၆) သွေးသန့်စေခြင်း

(၇) နှလုံးကျန်းမာစေခြင်း

(၈) ဝက်ခြံကုသနိုင်ခြင်း

အစားအစာတိုင်းက တန်ဆေး လွန်ဘေးမို့ လိုတာထက် ပိုပြီး စားသုံးတဲ့အခါမှာတော့ ဝမ်းပျက်နိုင်ပါတယ်။ မန်ကျည်းသီးက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မအီမသာဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း နှင့် မနက်ခင်းပျို့အန်ခြင်းလိုမျိုး ဝေဒနာတွေကို သက်သာစေပါတယ်။ မန်ကျည်းသီးက အမျှင်ဓာတ်ကြွယ်ဝပြီး အစားစားချင်စိတ်ကိုဖြစ်ပေါ်စေတဲ့အပြင် သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကိုလည်း လှုံ့ဆော်ပေးပါတယ်။ မန်ကျည်းသီးကို ဆား၊ငရုတ်ကောင်းတို့နဲ့ရောစပ်စားသုံးပေးမယ်ဆိုရင် မအီမသာဖြစ်တာကို သက်သာစေပါတယ်။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။