အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်က မြို့လေးတစ်မြို့ဟာ ဟယ်ရီပေါ်တာစာအုပ်ထဲက မှော်လောကအဖြစ် ပြောင်းသွားတော့မှာဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဟယ်ရီပေါ်တာ သွားလာလှုပ်ရှားနေတဲ့အတိုင်း ကိုယ်တွေရော လိုက်ပါစီးမျောသွားနိုင်မယ့် အခွင့်အရေးဖြစ်တာမို့ ဟယ်ရီပေါ်တာချစ်သူတွေကတော့ အလုအယက်သွားရောက်ဆင်နွှဲဖို့ပြင်ဆင်နေကြပြီ၊ ၎င်းနေရာမှာ မှော်ဆရာ၊ ဆရာမတွေ ပျော်ရွှင်စွာ စုဝေးနိုင်ပြီး ထောပတ်ဘီယာလည်း များစွာရနိုင်သလို ဒိုင်ယာဂွန်နယ်လီမှာလည်း လျှောက်သွားလည်ပတ်နိုင်ပါတယ်။အိုဟိုင်းယိုးမှာ ပွဲတော်လေးတွေ လုပ်နေကျဖြစ်ပေမယ့် အခုလို Kent မြို့မှာ မှော်လောကစတိုင်နဲ့ ပွဲတော်လုပ်တာကတော့ အသစ်အဆန်းတစ်ခုဖြစ်နေပါတယ်။

အခု ဇူလိုင်လမှာ Kent မြို့လေးက ဟယ်ရီပေါ်တာဇာတ်လမ်းထဲက မှော်လောကပုံစံပြောင်းတော့မှာဖြစ်ပြီး မှော်ပညာရှင်လေးတွေကိုလည်း ထွက်ပေါ်လာစေတော့မှာပါ။ Kent မြို့မှာ ကျင်းပမယ့် ဟယ်ရီပေါ်တာပွဲတော်က လာမယ့်ဇူလိုင်လ (၂၈)ရက်မှာဖြစ်ပါတယ်မို့ထဲက လမ်းကြားလေးတစ်ခုကိုလည်း ဟယ်ရီပေါ်တာပရိသတ်တွေရဲ့ အိပ်မက်ဖြစ်တဲ့ ဒိုင်ယာဂွန်နယ်လီအဖြစ် ပြောင်းလဲထားမှာဖြစ်ပါတယ်။ ဟော့ဝပ်ကျောင်းဝတ်စုံတွေဝတ်ပြီးတော့လည်း အကြိုက်တူသူတွေ ဆိုင်နဲ့ လမ်းတွေမှာ စုဝေးလို့ရပါတယ်။ ဒေသတွင်းရှိဆိုင်တွေကလည်း ဟယ်ရီပေါ်တာစာအုပ်ထဲက ဆိုင်တွေအသွင်ပြောင်းပြီး လာဖွင့်ကြမှာပါတဲ့..အချို့ဆိုင်တွေဆို ဟယ်ရီပေါ်တာထဲက အစားအသောက်ပုံစံတွေအတိုင်း ပြုလုပ်ပြီး ရောင်းချမှာပါ။

ဟယ်ရီပေါ်တာပရိသတ်တွေ သွားရည်ကျနေကျဖြစ်တဲ့ ထောပတ်ဘီယာလည်း ရနိုင်တယ်တဲ့လေ..အပြင်ဘက်တွေမှာလည်း အခြားဖျော်ဖြေရေးနဲ့ ကစားနည်းများစွာလည်း ပါရှိဦးမှာပါ။ဟယ်ရီပေါ်တာဇာတ်လမ်းနောက်ခံနဲ့ ဓာတ်ပုံရိုက်လို့ရတဲ့နေရာလေးတွေ၊ ပစ္စည်းအရောင်းဆိုင်လေးတွေ ပါဝင်ပါသေးတယ်။ ဟော့ဝပ်ကျောင်းဝတ်စုံ ဝတ်လာခဲ့တယ်ဆိုရင် ဝတ်စုံပြိုင်ပွဲမှာလည်း ဝင်ပြိုင်လို့ ရဦးမှာပါ။ဒီနှစ်မှာဆိုရင် ဆေးရည်သင်တန်းတွေ၊ မျက်နှာပေါ်ဆေးခြယ်ခြင်းတွေအပြင် ဇာတ်လမ်းနဲ့ စာအုပ်ထဲက မှော်ဝင်ပစ္စည်းတွေကိုလည်း တွေ့ရမှာပါတဲ့..။ အခါအခွင့်သင့်လို့ အချိန်ရခဲ့မယ်ဆိုရင် ဒါမမဟုတ် မိမိ တို့ရဲ့ စုန်းဖြစ်ချင်တဲ့စိတ်ကူး အိမ်မက်တွေကိုအကောင်အထည်ဖော်ချင်ကြတဲ့ သူတွေအတွက် မရောက်ရောက်အောင်သွားသင့်တယ်လို့တိုက်တွန်းပါရစေနော်။

Source - columbus navigator

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။