အဆိုတော် လင်းလင်း နှင့် အဆိုတော်၊ သရုပ်ဆောင် ချစ်သုဝေ

ရော်ခ့် အဆိုတော် လင်းလင်း နဲ့ ချစ်သုေ၀ ကတော့ ပရိသတ်တွေသာမက အနုပညာရှင်တွေကပါ အားကျရတဲ့ မိသားစုလေးဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် ဆိုတဲ့ အမွှာသမီးလေး နှစ်ဦး ကို ပိုင်ဆိုင်ထားပြီ ဖြစ်သလို လင်းလင်း နဲ့ ချစ်သုေ၀ နှစ်ဦးစလုံးက လည်း အနုပညာသည်တွေမို့ အိမ်ထောင်ကျပြီး သမီးလေးတွေ ရရှိသည့်တိုင် အနုပညာအလုပ်တွေ တဖက်တလှမ်းက လုပ်ကိုင်နေဆဲမို့ ပရိသတ်တွေနဲ့ မျက်ခြေမပြတ်သလို ခေတ်လေးနဲ့ သစ်လေးကလည်း ပရိသတ်တွေကိုပါ ချွေးသိပ်စေတဲ့ အနုပညာသည်အသေးစားလေးတွေပါ။

အဆိုတော် အာဇာနည် နှင့် မော်ဒယ်လ်၊ သရုပ်ဆောင် ဝမ်း

လူငယ်တွေရဲ့ ရင်ထဲကို အမြဲတမ်းနေရာယူနိုင်ခဲ့တဲ့ သီချင်းကောင်းလေးတွေကို သီဆိုခဲ့တဲ့ အဆိုတော် အာဇာနည်ဟာ သရုပ်ဆောင်၊မော်ဒယ်လ် ချောလေး ဝမ်း နဲ့ လက်ထပ်ခဲ့ပြီးလို့ ခုဆိုရင်ချစ်စရာသားလေး နှစ်ဦးကို ပိုင်ဆိုင် ထားပြီဖြစ်ပါတယ်။ အဆိုတော် အာဇာနည်ကတော့ သီချင်းတွေ သီဆိုနေဆဲဖြစ်သလို ဝမ်းကတော့ သားလေးနှစ်ယောက်နဲ့ ကိုယ်ပိုင် ဖက်ရှင်လ်ီဇိုင်း ဆိုင်တစ်ဖက်နဲ့ မို့ အနုပညာအလုပ်တွေနဲက ဝေးနေပြီ လိုက ဆိုရမျာပါ။ အငယ်ဆုံး ဒုတိယ သားလေး ချစ်ချစ်တုန်လေးက တော့ ခုဆိုရင် (၆) လ သားလေး ရှိပါပြီ။

မော်ဒယ်လ် သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း

မော်ဒယ်လ်၊ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း ကတော့ 2017 ခုနှစ်လောက်က သာမာန်စီးပွားရေး သမား တစ်ဦးဖြစ်သူ ကိုလှမျိုးမြင့် နဲ့ ချစ်သူဖြစ်ပြီး နှစ်လလေးအတွင်းမှာ လက်ထပ်ဖြစ်ခဲ့ပြီး ခုဆိုရင်တော့ ချစ်စရာကောင်းတဲ့ သားလေး တစ်ဦးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ သားသမီးရတနာ ၃ ဦးထိ ယူဖို့ စဉ်းစားထားသလို ခင်ပွန်းဖြစ်သူကို အချိန်တိုလေးအတွင်း လက်ထပ်ခဲ့တဲ့ အတွက် နောင်တ မရသလို အရမ်းကို ပျော်ရွှင် စိတ်ချမ်းသာတဲ့မိသားစုလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

ကိုပြည့်မောင် နှင့် မော်ဒယ်လ်၊သရုပ်ဆောင် စမိုင်းလ်

VCD တစ်ခေတ်တုန်း က သီချင်းတွေထဲမှာ သွားတက်လေးနဲ့ စမိုင်းလ် ဆိုရင် မသိသူမရှိကြသလို အနုပညာလောကကနေ အတော်လေးပျောက်သွားပြီးနောက်ပိုင်း မြန်မာပြည်ကို ပြန်လာတော့ အနုပညာလောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ကို ပြည့်မောင် နဲ့ ဒိုးတူဘောင်ဖက် ဆိူးအတူကောင်းအတူ ခက်ခက်ခဲခဲ ပင်ပင်ပန်ပန်း နိုင်ငံတရပ်ခြားမှာ ကြိုးစားလို့ ချမ်းသာလာတဲ့ စမိုင်းလ် တို့ မိသားစု ဘဝလေးဟာ အတုယူစရာလေးလည်း ဖြစ်သလို အားကျ စရာလည်းဖြစ်ပါတယ်။

ကိုစစ်နိုင် နှင့် သရုပ်ဆောင် သက်မွန်မြင့်

ချင်းတိုင်းရင်းသူ ပြည်သူချစ် မင်းသမီလေး သက်မွန်မြင့်ကတော့ ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင် နဲ့ လက်ထပ်ပြီး ခုဆိုရင်တော့ ချစ်စရာကောင်းတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက် ရတနာလေးတွေကို မွေးဖွားခဲ့ပြီး ဖြစ်ပါတယ်။ အနုပညာသက်တမ်း တစ်လျှောက်အိမ်ထောင်ကျပြီးသည်ထိ နာမည်ပျက် အရှူပ်အရှင်းလုံး၀ မရှိခဲ့သလို သရုပ်ဆောင် မင်းသမီး ဘဝနဲ့ အကယ်ဒမီ ဆုကြီး နှစ်ဆု ရရှိခဲ့ပြီး ယခုဆိုရင်တော့ အနုပညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ကိုစွမ်းသူမိုး နှင့် သရုပ်ဆောင် မိုးယုစံ

ပြည်သူချစ်မင်းသမီလေး မိုးယုစံကတော့ 2016 ခုနှစ်မှာ ပိုင်းလောစ့်တစ်ဦးဖြစ်သူ ကိုစွမ်းသူမိုး လက်ထပ်ခဲ့ပြီး သားဦး ရတနာလေး ကောင်းသိင်္ခမိုးသူ (ခ) Austin လေးကို မွေးဖွားခဲ့ပြီ ဖြစ်ပါတယ်။ယောက္ခမကလည်း ကိုယ့်သမီးအရင်းလိုပဲ ဆက်ဆံလို့ အားလုံးအဆင်ပြေပါတယ် လို့ဆိုလိုက်သလို သားလေး မွေးပြီးပေမဲ့လည်း အလှမပျက်တဲ့ သူမကို ချီးကျူးရမှာပါ။

source: moe yuu san , thinsar nwewin, smile, zarni myonyuat &chit thuwai;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။