မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ မော်လ်ဒယ်သရုပ်ဆောင်မင်းသားချောလေး တိုင်ရွန်ကတော့ ရိုက်ကွင်းပေါ်က အမိုက်စားဓာတ်ပုံလေးတွေ ပရိသတ်တွေကို ထုတ်ပြလိုက်ပါတယ်..။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရိုက်ကူးရေးလုပ်နေတဲ့ ပုံရိပ်လေးတွေဖြစ်ပြီး မော်လ်ဒယ်မင်းသမီးချောလေးတွေနဲ့ အိပ်ယာထက်မှာအမိုက်စားရိုက်ကူးထားတဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံလေးတွေပဲ ဖြစ်ပါတယ်..။

မော်လ်ဒယ်မင်းသမီးချောလေးတွေနဲ့အတူ အိပ်ယာထက်မှာ ရိုက်ကူးထားတဲ့ ရိုက်ကွင်းပေါ်က အမိုက်စားပုံရိပ်လေးတွေကတော့ ပီပြင်ပြီး Sexy ကျလွန်းတာမို့ ပရိသတ်တွေကို ဟာခနဲဖြစ်သွားအောင် ဖမ်းစားနိုင်လွန်းတာ တွေ့ရပါတယ်..။

ပီပြင်လွန်းတဲ့ရိုက်ကွင်းပုံရိပ်လေးတွေကြောင့် တိုင်ရွန်ရဲ့မိန်းကလေးပရိသတ်တွေက သဝန်တိုနေကြပြီး အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တချို့တွေကလည်းအံ့သြနေကြကာ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်း စနောက်ထားကြတာ တွေ့ရပါတယ်..။

မင်းသားချောလေးတိုင်ရွန်က ပွင့်လင်းတဲ့သူ့ရဲ့ အမူအကျင့်လေးတွေနဲ့ အနုပညာအပေါ်တာဝန်ကျေချင်တဲ့သူ့ရဲ့သဘောထားလေးတွေအပြင် သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ရေးသားပြောပြထားပါသေးတယ်..။

“ကျွန်တော် ပရိတ်သတ်က ကျွန်တော့်ပုံစံကို သိပြီးသားဖစ်မှာပါ နော် ဟီး ခွင့်လွှတ် တခါတလေ အမြဲတမ်း သောင်းကျန်း မွှေစိန် မသိဘူး ဖြုတ်မယ် အချစ်ရေး အေးဆေး ရှိတယ်အများကြီး ပေါ်တင် မလိမ်ဘူး တခုတော့ရှိ အနုပညာလုပ်ပေါ်တာဝန်ကျေစေရမယ် ချစ်တယ် ပရိတ်သတ်အပေါင်း ဆွေမျိုးကောင်းတို့..” ဆိုပြီးတော့ Comment မှာ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

Photo - တိုင်ရွန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။