ပြည်သူများစွာနေ့စဉ် သွားလာရေးအတွက် အသုံးပြုနေတဲ့ YBS ယဉ်လိုင်းတွေကိုတော့ ပရိသတ်တွေလည်း အသုံးပြုနေမယ်ထင်ပါတယ်။ အဆိုပါ YBS ယာဉ်လိုင်းတွေထဲက ဒီကနေ့ မှော်ဘီယာဉ်လိုင်း ဖြစ်တဲ့ YBS 37 ယာဉ်လိုင်းတစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာတွေ့ရပါတယ်။  

ဒီကနေ့ ဇူလိုင် ၁၁ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့နယ် ပြည်လမ်းနွယ်ခွေမှတ်တိုင်အနီး YBS 37 ယာဉ်လိုင်းတစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦး ဦးခေါင်းထိခိုက်မှုဖြင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး YBS ဌာနမှ "အချိန်မနက်10:00 ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့နယ်ပြည်လမ်း နွယ်ခွေမှတ်တိုင်အနီးလမ်းဖြတ်ကူးသူအားဝင်တိုက်မိအတိုက်ခံရသူအမျိုးသားနေရာမှာတင်ဦးခေါင်းထိခိုက်ပြင်ထန်ဒဏ်ရာနှင့်သေဆုံးသွားခဲ့တာဝန်သိပြည်သူများနှင့်တာဝန်ကျယာဉ်ထိန်းတပ်ဖွဲ့မှပုလဲအရန်မီးသတ်တပ်ဖွဲ့သို့အကူအညီတောင်းခံသဖြင့်သေဆုံးသူအလောင်းအားမေဓါဝီဆေးရုံသို့pR29ဖြင့်အလောင်းအပ်နှံကူညီပေးခဲ့ပါသည်သေဆုံးသူအမျိုးသားမှာအသက်၄၀ဝန်းကျင့်ခန့်မင်္ဂလာဆောင်ပြီးတလခန့်ပဲရှိသေးဟုသေဆုံးသူဆွေမျိုးပြောပြချက်အရသိရပါသည်" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာကြရန်နှင့် လမ်းကူးသူပြည်သူများ သတိထားမိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဒီကနေ့ယာဉ်တိုက်မှုကို မျှဝေပေးလိုက်ပါတယ်။

Photos - YBS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။