ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှုး စီရော်နယ်ဒိုကတော့ ဂျူဗင်တပ်အသင်းကို ယူရို သန်း ၁၂၀ နဲ့ ပြောင်းရွှေ့သွားခဲ့ပြီလည်းဖြစ်ပါတယ်။စီရော်နယ်ဒို အနေနဲ့ နောက်ထပ် စိန်ခေါ်မှုအသစ်တွေကို ဖန်တီးနိုင်ဖို့အတွက် အီတလီမြေကို ရွှေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ ရီးရဲလ်အသင်းဖော်တွေနဲ့ ပရိသတ်တွေကတော့ ဒီအပြောင်းအရွှေ့ကို မယုံကြည်နိုင်အောင်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်။ 

အသင်းဖော်ဖြစ်တဲ့ ဂါရတ်ဘေလ်းကတော့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ စီရော်နယ်ဒိုအတွက် နူတ်ဆက်စကားမှာတော့ " အမြင့်ဆုံးခြေစွမ်းတွေနဲ့ မယုံကြည်နိုင်လောက်အောင် ကောင်းလွန်းတဲ့သူ " ငါ မင်းနဲ့ ငါးနှစ်ကြာအတူတွဲဆော့ခဲ့ဘူးတဲ့ ကာလတွေဟာ တကယ့်ကို ကျေနပ်ပျော်ရွင်စရာကောင်းလွန်းခဲ့ပါတယ်။အနာဂတ်မှာ ကံကောင်းခြင်းတွေနဲ့ပဲ ဆုံတွေ့ရပါစေ ငါ့သူငယ်ချင်း " ဆိုပြီး သူရဲ့ အကောင့်မှာ ရေးသားခဲ့တာလည်းဖြစ်ပါတယ်။

စီရော်နယ်ဒိုအတွက် အသင်းဖော်ဖြစ်တဲ့ ရာမို့စ်ကလည်း " ငါတို့ မင်းကို အမြဲသတိရသွားမှာပါလို့ " ရေးသားခဲ့သေးတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ စီရော်နယ်ဒိုရဲ့ နေရာအတွက် ကစားသမားအချို့ကို ပစ်မှတ်ထား ရှာဖွေမှုတွေပြုလုပ်နေပြီလည်းဖြစ်ပါတယ်။

Source : Greath Bale 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။