လက်ရှိ မြန်မာနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးမှာ ဒုတိယအသုံးပြုမှုအများဆုံးဖြစ်နေတဲ့ မြန်မာ့မီးရထားကို အားလုံးအသုံးပြုနေမယ်ထင်ပါတယ်။

နိုင်ငံတကာအဆင့်မီနိုင်ဖို့ ကြိုးစားမှုတွေပြုလုပ်နေပေမယ့် လက်ရှိပြောင်းလဲမှုအနည်းငယ်သာရှိနေသေးကြောင်း သိရပါတယ်။  

အဆိုပါပြောင်းလဲမှုတွေထဲက လက်ရှိမြန်မာနိုင်ငံမြို့အချို့တွင်မီးရထားသံလမ်းများကို ကမ္ဘာ့အဆင့်မီပြောင်းလဲမှုတွေစတင်ပြုလုပ်နေကြောင်း သိရပါတယ်။ လက်ရှိ အဆိုပါအဆင့်မြှင့်မီးရထားလမ်းများကို မွန်ပြည်နယ် ပေါင်မြို့ တွင်စတင်ခင်းနေပြီး ကျန်မြို့ကြီးများတွင်လည်း မကြာမီပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ 

လက်ရှိ ပြည်တွင်းအဓိကပြေးဆွဲနေသော မီးရထားလမ်းများစွာရှိနေပြီး အရေးကြီးဒေသတွေကို အရင်ပြုပြင်မှုများပြုလုပ်သွားမှာဖြစ်ပြီး ကျန်ဒေသတွေကိုလည်း မကြာမီပြုလုပ်နိုင်ရန်စီစဉ်နေကြောင်းသိရပါတယ်။ ချစ်ပရိသတ်တွေအတွက် လက်ရှိပြောင်းလဲမှုတစ်ခုကို စတင်ပြုလုပ်နေတဲ့ မွန်ပြည်နယ် ကမ္ဘာ့အဆင့်မီ မီးရထားလမ်းခင်းမှုပုံရိပ်များကို ပြသလိုက်ပါတယ်။

Photos - Myint Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။