၂၀၁၂ခုနှစ်က အိန္ဒိယနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်မှုအတွက် သေဒဏ်ပေးခံရသူတွေရဲ့ အယူခံကို အိန္ဒိယတရားရုံးချုပ်ကပယ်ချလိုက်ပြီလို့ သိရပါတယ်။အဆိုပါ အမှုအတွက် အယူခံပယ်ချခြင်းကိုတော့ ၂၀၁၈ ဇူလိုင် ၉ ရက်နေ့မှာ တရားရုံးချုပ်မှ တရားဝင်ထုတ်ဖော်ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။ဒီအမှုဟာ အချိန် (၆) နှစ်ကြာမြင့်တဲ့အထိ ကြာမြင့်စွာစစ်ဆေးခဲ့ရတာပဲ ဖြစ်ပါတယ်။

အခုလို အချိန်များကြီး နှောင့်နှေးစွာစစ်ဆေးခဲ့ရပေမယ့် တရားမျှတစွာ စီရင်ချက်ချမှုအတွက် တရားရုံးချုပ်ကျေးဇူးတင်ကြောင်း နီယာဘာယာအမည်ရှိတဲ့ သေဆုံးသူ အမျိုးသမီးရဲ့ မိခင်ကပြောပါတယ်။သူတို့ကို ကြိုးပေး မသတ်သေးမချင်း နီယာဘာယာနဲ့ တခြားမိန်းကလေးတွေအတွက် တရားမျှတမှု ရဦးမှာမဟုတ်ဘူး။ ဒီနိုင်ငံမှာ နီယာဘာယာသာမက တခြားမိန်းကလေးတွေပါ တရားမျှတမှုကို ရသင့်တယ်လို့ မိခင်ဖြစ်သူ အမျိုးသမီးအာရှာဒေဝီက ပြောပါတယ်။

အုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်ခဲ့ကြတဲ့ တရားခံများဖြစ်တဲ့ ဗီနေ ရှာမာ၊ ပါဝမ် ဂုပ္ပတားနဲ့ မူခက်ရှ် ဆင်းဂ်တို့ကတော့ မနှစ်က တရားရုံးချုပ်မှာ အသနားခံလွှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါလေးယောက်မြောက်တရားခံ အက္ခရှေ ထာကူရ်ရဲ့ အသနားခံလွှာကိုတော့ လာမယ့် သီတင်းပတ်မှာ တရားရုံးက သုံးသပ်သွားမယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - DVB  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။