အဲဗာတန်အသင်းဟာ ကမ္ဘာ့ဖလားမှာ ကိုလံဘီယာအသင်းနဲ့ ခြေစွမ်းကောင်းပြသထားနိုင်တဲ့ နောက်ခံလူမီနာကို မျက်စိကျနေတာလည်းဖြစ်ပါတယ်။မီနာဟာ ဆီနီဂေါအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာ တစ်လုံးတည်းသောဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး အသင်းတစ်ချို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

မီနာကို ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလ ကမှ ဘာစီလိုနာအသင်းက ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းမှာ အဓိက နောက်ခံလူတွေဖြစ်ကြတဲ့ အမ်တီတီ၊ ပီကေး တို့ရှိနေတာကြောင့် အရန်ခုံမှာသာ ရှိနေရတာလည်းဖြစ်ပါတယ်။ဒါကြောင့် အဲဗာတန်အသင်းဟာ ပုံမှန်နေရာအတွက် မက်လုံးပေးပြီး ခေါ်ယူဖို့ ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ 

အဲဗာတန်အသင်းဟာ မီနာအတွက် ပေါင် ၂၁ သန်း အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ မီနာဟာ အရပ်အမောင်းမြင့်မားတာကြောင့် အမြင့်ဘော အားသာချက်ရှိတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ခုလာမယ့် ပရီးမီးယားလိဂ်မှာ မီနာကို တွေ့မြင်တော့ရမှာလားဆိုတာတော့ စောင့်ကြည့်သွားရအုံးမယ်ဗျာ။

Source : The Sun Football 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။